လူသုံးကုန်ပစ္စည်းများ
Powered by Drupal

ကုန်စည်အမျိုးအစား လူသုံးကုန်ပစ္စည်း
ကုန်စည်အမျိုးအမည် Invisible Ink Spy Pen
မော်ဒယ် _
ထုတ်လုပ်သည့် ကုမ္ပဏီအမည် _
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20540
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း မော်ဒယ်နံပါတ် SKU: 10008773 နှင့် 10007187 ဖြင့် ထုတ်လုပ်ထားသော ဘောပင်တွင် ဘက်ထရီ ပါဝင်သော ထုတ်ကုန်များအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှုမရှိပါ။ အဆိုပါ ဘောပင်၏ အဖုံးတွင် ဘက်ထရီအသေးပါရှိပြီး အဆိုပါ အဖုံးများသည်လည် ကလေးများအလွယ်တကူဖြုတ်နိုင်သောကြောင့် လုံခြုံမှု မရှိဘဲ မတော်တဆ မျိုချမိပါက ဘေးအန္တရာယ်များ ဖြစ်နိုင်ချေရှိသောကြောင့် ပြန်လည်သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၄ -၆- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/invisible-ink-spy-pen

ကုန်စည်အမျိုးအစား လူအသုံးအဆောင်ပစ္စည်း
ကုန်စည်အမျိုးအမည် Heated Elbow Wrap (တံတောင်ဆစ်ကို အပူပေးသည့် လက်ပတ်)
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Kmart Australia Ltd.
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20508
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း တံတောင်ဆစ်ပေါ်တွင် အသုံးပြုရန်အတွက် ထုတ်လုပ် ထားသော အားပြန်သွင်းနိုင်သည့် အပူခံပြားသည် မှားယွင်းစွာ အသုံးပြုပြီး တံတောင်ဆစ် အပေါ်တွင် တင်းကျပ်စွာ ရစ်ပတ်ခဲ့မိပါက အသုံးပြုသူ၏ တံတောင်ဆစ်ကို အပူလောင်ကျွမ်းစေနိုင်ပြီး အထူးသဖြင့် အပူဒဏ်မခံနိုင်သည့် စားသုံးသူများအတွက် ကြီးမားသော ဘေးအန္တရာယ် ဖြစ်စေနိုင်သောကြောင့် ပြန်လည် သိမ်းဆည်းရခြင်းဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၁၃- ၅- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/heated-elbow-wrap
ကုန်စည်အမျိုးအစား လူအသုံးအဆောင်ပစ္စည်း
ကုန်စည်အမျိုးအမည် အဖုံးပါသော နှစ်ထပ်ကော်ဖီခွက် (Anko)
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Kmart Australia Ltd.
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20478
ထုတ်လုပ်သည့်နိုင်ငံ တရုတ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း အဆိုပါ ခွက်၏ အဖုံးတွင် ဖိအားထုတ်လွှတ်မှုကို ခံနိုင်သော အဆို့မပါရှိသောကြောင့် ခွက်အတွင်း ပူသော အရည်များထည့်၍ အဖုံးပိတ်သောအခါ လုံခြုံမှု မရှိဘဲ ခွက်အတွင်းမှအရည်ပူများ ထွက်လာနိုင်ပြီး ပြင်းထန် သော ဒဏ်ရာများရရှိနိုင်သောကြောင့် အဆိုပါ မော်ဒယ် နံပါတ် SKU: 70220124, 70220131, 70220148 တို့ကို ပြန်လည်သိမ်းဆည်းရခြင်း ဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၉- ၄- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/double-walled-coffee-cups-with-lids-anko
ကုန်စည်အမျိုးအစား လူအသုံးအဆောင်ပစ္စည်း
ကုန်စည်အမျိုးအမည် Fitbit Sense နှင့် Fitbit Versa 3 စမတ်နာရီ
မော်ဒယ် Sense and Versa 3
အမှတ်တံဆိပ် Fitbit
ထုတ်လုပ်သည့် ကုမ္ပဏီအမည် _
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဉ် 2025/20424
ထုတ်လုပ်သည့်နိုင်ငံ _
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း Fitbit Sense နှင့် Fitbit Versa 3 စက်ပစ္စည်းများအတွက် Firmware အပ်ဒိတ်ကို ဖြစ်စေနိုင်ပြီး Fitbit ပစ္စည်းသည် ဘက်ထရီ အပူလွန်ကဲမှု အန္တရာယ်ကို ဖြစ်စေနိုင်ပြီး မီးလောင်နိုင်ချေ ရှိသောကြောင့်မော်ဒယ်နံပါတ် Fitbit Sense နှင့် Fitbit Versa 3 တို့ကို ပြန်လည်သိမ်းဆည်း ရခြင်းဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၁ -၄- ၂၀၂၅
သတင်းရင်းမြစ် https://www.productsafety.gov.au/search-consumer-product-recalls/fitbit-sense-and-fitbit-versa-3-smartwatches

ကုန်စည်အမျိုးအစား လူသုံးကုန်ပစ္စည်း
ကုန်စည်အမျိုးအမည် Lando ထမင်းစားကုလားထိုင်
ထုတ်လုပ်သည့် ကုမ္ပဏီအမည် Lounge Lover Pty Ltd
ကုန်စည်ပြန်လည်သိမ်းဆည်းသည့် အမှတ်စဥ် 2025/20468
ထုတ်လုပ်သည့်နိုင်ငံ ဗီယက်နမ်
ဆောင်ရွက်သည့်ပုံစံ တရားဝင်ပြန်လည်သိမ်းဆည်းခြင်း
ဆောင်ရွက်ရသည့်အကြောင်းအရင်း Lando ထိုင်ခုံများတွင် ထိုင်သည့်နေရာနှင့် ခုံ၏
ခြေထောက်အကြားတွင် ဆက်ထားသောအဆစ်
များမှာ ခိုင်ခံ့မှုမရှိဘဲ အသုံးပြုနေစဥ်တွင် ထိုင်ခုံ
ကျိုးကျပြီး ပျက်ကျနိုင်ခြေရှိသောကြောင့် ပြန်
လည်သိမ်းဆည်ရခြင်း ဖြစ်ပါသည်။
အသိပေးထုတ်ပြန်သည့်နိုင်ငံ ဩစတြေးလျနိုင်ငံ
ထုတ်ပြန်သည့်နေ့ရက် ၂၀-၂-၂၀၂၅
သတင်းအရစ်အမြစ် https://www.productsafety.gov.au/search-consumer-product-recalls/lando-dining-chair
