ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

           စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၂၀၂၆ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်းထမ်းများသည် မအူရွာ၊ ဆင်စုရပ်ကွက်ရှိ “ကောင်းသန့်” မလိုင်နှင့်ယိုမျိုးစုံလုပ်ငန်း၊ ဆေးရုံသစ်လမ်း၊ ပြည်သာယာရပ်ကွက်ရှိ “အက်ရှင်” ငှက်သိုက်မုန့်လုပ်ငန်း၊ အနော်ရထာလမ်း၊ နဝဒေးစက်မှုဇုန်(၂)ရှိ “Aster” သောက်ရေသန့်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သရက်တောရပ်ကွက်၊ လျှပ်စစ်ရုံးအနီးရှိ “အိုဆာကာ” စားသောက်ကုန်လုပ်ငန်း၊ ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်းရှိ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည်‌ ပန်းတောင်းမြို့ရှိ “သဘာဝအရသာ” ယိုစုံလုပ်ငန်းနှင့် “ဘရဏီ” ကိတ်လုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် အမှတ်(၅)ရပ်ကွက်ရှိ “ချမ်းမြေ့ပါစေ” ဣစိ္ဆတံ မုန့်လုပ်ငန်း သို့လည်းကောင်း သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ ဖော်ပြချက်များပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး၊ သက်ဆိုင်ရာဌာန၏ ထောက်ခံ ချက်များရယူ၍ဈေးကွက်ဖြန့်ဖြူးရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖေါ်ပြချက်များနှင့်ကိုက် ညီ မှုရှိ ပါကြောင်းသတင်း ရရှိပါသည်။ 

DOCA(ပဲခူး)