ပခုက္ကူမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

 စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များသည် (၁၆.၁၀.၂၀၂၆) ရက်နေ့၊ နေ့လယ်(၁၅:၀၀) နာရီအချိန်တွင်ပခုက္ကူမြို့၊ မြို့မဈေးအတွင်းရှိ ဆန်ပွဲရုံများနှင့် မြို့ပေါ်ရှိလက်လီ/လက်ကားရောင်းချနေသော ဆန်ရောင်းဝယ်ရေးဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် သွား ရောက်ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

ကွင်းဆင်းစစ်ဆေးရာ ဆန်ဆိုင်၊ ဆန်ပွဲရုံများတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်အလို့ငှာ သိုလှောင်ထားခြင်းများ မပြုလုပ်စေရေးအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

ဆန်ရောင်းချသူများမှာ ဆန်များကို ရောင်းရသလောက်သာ မှာယူရောင်းချနေကြောင်း၊ အများအပြား သိုလှောင်ထားခြင်းများမရှိကြောင်း၊ ဈေးနှုန်းများကိုလည်း မြှင့်တင်ရောင်းချခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ဆက်လက်၍ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ MY Ro မှတ်ပုံတင်ထားသော သိုလှောင်ရုံများအား လစဉ် ဆန် ရ၊ ထုတ်၊ ကျန်စာရင်းများ ဖြည့်သွင်းရန်လိုကြောင်း၊ လက်ကျန်များ မဖြည့်သွင်းလျှင် လုပ်ငန်းရှင်၏ တာဝန်သာဖြစ်ကြောင်း၊ မှတ်ပုံမတင်ရသေးသော သိုလှောင်ရုံများကိုလည်း မှတ်ပုံတင်ရန် အသိ ပညာပေးခဲ့ကြောင်း၊ လက်ရှိရောင်းချနေသော ဆန်များ၏ စီးဝင်/ စီးထွက်၊ ဈေးနှုန်း/ ဈေးကွက်၊ လက်ကျန် စာရင်းများကိုလည်း ကောက်ယူခဲ့ကြောင်း၊ လိုက်နာမှုမရှိပါက သက်ဆိုင်ရာ ဥပဒေအလိုက် အရေးယူခံရမည်ဖြစ်ကြောင်းများကို ဆန်ရောင်းဝယ်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)