ကန်စွန်းဥကပေးသော ကျန်းမာရေးနှင့် အာဟာရ
ကန်စွန်းဥသည် အရသာရှိရုံသာမက အာဟာရဓာတ်များပြည့်ဝစွာပါရှိသောကြောင့် ကျန်းမာရေး ကိုများစွာတိုးတက်ကောင်းမွန် အောင်ကူညီပေးနိုင်ပါသည်။ ခရမ်းရောင်ကန်စွန်းဥ တွင် သဘာဝအရ အမြင်အာရုံတွင်ဆွဲဆောင်မှုရှိပြီး အစားအသာက်နှင့် အဖျော်ယမကာ လုပ်ငန်း တွင်ကျယ်ပြန့်စွာအသုံးပြုသည်။ ယင်း၏သဘာဝမူလနှင့် တက်ကြွသောအရောင်ကြောင့် ကန်စွန်းဥ အမှုန့်ကို အလှကုန်နှင့် တစ်ကိုယ်ရည်ထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်းများတွင် ပိုမိုအသုံးပြု ကြသည်။ အသားအရေ ထိမ်းသိမ်းမှုအမျိုးမျိုးနှင့် ဆံပင်ထိမ်းသိမ်းမှုဖော်မြူလာများ တွင်တွေ့ရှိနိုင် ပြီး ဓာတုဆိုးဆေးများ၏ သဘာဝအတိုင်း အစားထိုးဆောင်ရွက်နိုင်သည်။ ဆေးဝါးနှင့် အာဟာရ ဆိုင်ရာ လုပ်ငန်းများအနေဖြင့် ကန်စွန်းဥအမှုန့်ကို ဆေးတောင့်များ၊ ဆေးပြားများနှင့် ကျန်းမာရေး ဖြည့်စွက်စာများတွင် ထည့်သွင်းအသုံးပြုလေ့ရှိသည်။
ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို ချေဖျက်ပေးနိုင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ လုပ်ဆောင်ချက်သည် ကျန်းမာရေးကိုအထောက်အကူပြုသည်။ ခရမ်းရောင်ကန်စွန်းဥ၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့်အတူ စွယ်စုံရသဘာဝဆေးအဖြစ်ထွက်ပေါ်လာပြီး သဘာဝပါဝင်ပစ္စည်း များကို နှစ်သက်သဘောကျသော ဈေးကွက်လမ်းကြောင်းများနှင့်အတူ စက်မှုလုပ်ငန်းခွင်အမျိုးမျိုး တွင် ကျယ်ပြန့်စွာအသုံးချမှုများ ကြောင့် ကမ္ဘာ့စျေးကွက်တွင် နေရာယူထားကြောင်း မှတ်သားရ သည်။ ကန်စွန်းဥစားသုံးခြင်းဖြင့် ဉီးနှောက်၏လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ မှတ်ဉာဏ်ကိုလည်း တိုးစေနိုင်သည်။ ကန်စွန်းဥသည် အာဟာရကြွယ်ဝပြီး အသက်အရွယ်ကြောင့် ဖြစ်သော မှတ်ဉာဏ်ယုတ် လျော့မှုကိုလည်း လျော့ပါးစေနိုင်သည်။ ဗီတာမင် A ကြွယ်ဝသည့် ကန်စွန်းဥသည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ပြေလျော့ စေသည်။ ကန်စွန်းဥသည် ကိုယ်ခံအားကောင်းစေရုံသာမက ဗီတာမင် A ကြွယ်ဝ သည့်အတွက် အမြင်အာရုံကိုပါကောင်းမွန်စေနိုင်သည်။ ဗီတာမင် A ချို့တဲ့မှုကြောင့် ဖြစ် သည့် မျက်စိခြောက်ခြင်း၊ ညဘက်တွင် အမြင်အာရုံဝေဝါးခြင်း၊ အသက်အရွယ်ကြောင့် ဖြစ်သည့် အမြင်အာရုံချို့ယွင်းမှုများနှင့် အမြင်အာရုံဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။ ကန်စွန်းဥသည် အဆာခံနိုင်ပြီး အစားစားချင်စိတ်ကို လျှော့ချပေးနိုင်သောကြောင့် ကိုယ်
ကန်စွန်းဥစားသုံးခြင်းဖြင့် ရင်သားကင်ဆာဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ကန်စွန်းဥတွင်ပါဝင်သည့် အမျှင်ဓာတ်သည် အစာချေစနစ်ကိုကောင်းမွန်စေနိုင်သကဲ့သို့ အူများ၏ လှုပ်ရှားမှုကိုလည်း ပိုမိုကောင်းမွန်စေပါသည်။ ဗီတာမင် B အုပ်စု၊ ဗီတာမင် C အုပ်စု၊ ဘီတာကယ်လိုတင်း၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်ပါဝင်မှုကြောင့် အစာအိမ်အနာများကို သက်သာစေနိုင်သည်။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်အတွင်း အက်စစ် ဖြစ်ပေါ်မှု နည်းစေသဖြင့် အစာအိမ်အနာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်သည်။
ကန်စွန်းဥကို ဝယ်ယူစားသုံးပါက ပိုးသတ်ဆေးမပါဘဲစိုက်ပျိုးထားသော ကန်စွန်းဥမျိုးကို ရွေးချယ်ဝယ်ယူစားသုံးရန်လိုအပ်သည်။ လတ်ဆတ်သော ကန်စွန်းဥ၏ အပေါ်ယံအခွံသည် ပြောင် တင်းနေပြီး အစိမ်းရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပါ။ ကန်စွန်းဥ ကို အထူးတလည် ထုပ်ပိုးဖုံးဖိထားစရာမလိုဘဲ အေး၍ခြောက်သွေ့သောနေရာ၌ ၁၀ ရက်ခန့်ကြာ သည် အထိထားနိုင်သော်လည်း ကန်စွန်းဥကို ရေခဲသေတ္တာအတွင်းထည့်ထားခြင်း၊ ပလတ်စတစ် အိတ်နှင့် ထုပ်ပိုးထားခြင်းတို့ကို ပြုလုပ်ပါက အာနိသင်ပျက် ပြယ်တတ်သည်။ ကန်စွန်းဥသည် အော်ဂဲနစ်အက်စစ်အမျိုးအစား ဖြစ်သည့် Oxalate ဓာတ်မြင့်မားသောကြောင့် ဆီးကျောက် တည်ရော ဂါခံစားနေရသူများ၊ ဆီးကျောက်တည်တတ်သူများ များများစားမည်ဆိုပါက ပြဿနာ ဖြစ်လာနိုင်သည်။
အာဟာရပြည့်ဝသောကန်စွန်းဥကို ကိုယ်အလေးချိန်ကျလိုသူများ၊ အသက်ရှုလမ်း ကြောင်းဆိုင်ရာပြဿနာရှိသများနှင့် အဆစ်ရောင်ရောဂါဖြစ်သူများကို စားသုံးရန်ထောက်ခံပေး ထားသည်။ ကန်စွန်းဥသည် စားသုံးရန် ဘေးကင်းသော်လည်း တချို့သော သူများစားသုံးသည့်အခါ အနည်းငယ် ဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်းသို့ မဟုတ် ချက်စားခြင်းကအာဟာရဓာတ်ပိုမိုရရှိကာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ အပြည့်အဝ ရရှိမည်ဖြစ်သည်။
DOCA(မန္တလေး)
- Log in to post comments

















