မြိတ်မြို့သို့ ‌ရေလမ်းခရီးအသုံးပြု၍ ကုန်သင်္ဘောများဖြင့်ရောက်ရှိလာသော ဆန်များအား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

           မြိတ်ခရိုင် ဆန်ကုန်သည်နှင့်ဆန် လုပ်ငန်းရှင်များအသင်းမှ မြိတ်မြို့ရှိ စားသုံးသူပြည်သူများ ဆန်ပြတ်လတ်မှုများမရှိစေရေး၊ ဆန်စျေးနှုန်းများကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေ ရေးအတွက် ရန်ကုန်၊ ဧရာဝတီ၊ မော်လမြိုင်တို့မှ ဆန်များအားဝယ်ယူ၍ ရေလမ်းခရီးအသုံးပြု၍ ကုန်သင်္ဘောများဖြင့်တင်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ အမ်ဗွီ Royal Princess သင်္ဘောဖြင့် ဆန် ၄၄၉.၈၅ တန်၊ အိတ် ၈၉၉၇ အိတ်၊ အမ်ဗွီ Z 301 သင်္ဘောဖြင့် ဆန် ၉၉.၅၅ တန်၊ အိတ် ၁၉၉၁ အိတ်နှင့် အောက်တိုဘာလ၊ ၂၀ ရက်နေ့တွင် ဧရာဝတီဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ အမ်ဗွီ ပြည့်ဖြိုးအောင် ၉ ရေယာဥ်ဖြင့် ဆန် ၁၄၀ တန်၊ အိတ် ၂၈၀၀ အိတ်တို့သည် မြိတ်မြို့သို့အသီးသီးဆိုက်ကပ်ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနတို့မှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)