Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2021

၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၁၆) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်မြို့၊ ဒိုင်လမ်း၊ စက်ဝင်းရပ်ရှိ ပွင့်သစ်တိုး မုန့်တိုက်သို့ သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်နှင့်မုန့်ဆိုင်ဝန်ထမ်း များအား ထုတ်ကုန်လုံခြုံစိတ် ချရမှုနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးသူဥပဒေပါ လုပ်ငန်းရှင်များလိုက်နာ ရမည့် အချက်များအပြင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရန် ရှ

22 Nov 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ ဆီစက်လုပ်ငန်းရှင်များသည် ယခင် (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် စုစုပေါင်းဆီစက်၏ ၁၀% သာလည်ပတ်နိုင်ကြသော်လည်း ယခု(၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ်တွင် ဆီဈေးကွက်အခွင့်အလမ်းပေါ်ပေါက်လာ၍ ဆီစက်စုစုပေါင်း၏ ၅၀% အထိလည်ပတ်လာနိုင်ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရပါသည်။
မုံရွာခရိုင်တွင် ဆီထွက်သီးနှံ မိုး၊ ဆောင်း (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ဧက (၃၀၀၀၀၀) ကျော်ခန့် စိုက်ပျိုးပြီး ဆီစက်အရေအတွက် (၁၄၅)စက် ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရပါသည်။

22 Nov 2021

စားသုံးသူရေးရာဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဝန်ထမ်းများ လူ့စွမ်းအားအရင်းအမြစ် များဖွံ့ဖြိုးတိုးတက်စေရေး၊ ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့မှ (၁၂) ရက်နေ့အထိ နေ့စဉ် နံနက် (၁၀:၀၀)နာရီမှ ညနေ (၁၄:၀၀)နာရီအထိ (၅)ရက်တာ သင်တန်း ဖွင့်လှစ်ပို့ချခဲ့ပါသည်။

19 Nov 2021

အိန္ဒိယနိုင်ငံ၌ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှစတင်၍ အီသနောလောင်စာဆီ ရောစပ်မှု ၂၀% ပါဝင်သည့် ဓာတ်ဆီကိုသာ ရောင်းချခွင့်ပြုရန် အစိုးရက စီစဉ်ဆောင်ရွက်လျက်ရှိရာ မော်တော် ယာဉ်အသစ်များအား ရောစပ်လောင်စာဆီနှင့် ကိုက်ညီမှုရှိစွာ ထုတ်လုပ်ရောင်းချရမည်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် လက်ရှိထုတ်လုပ်ထားသော ဓာတ်ဆီသုံး မော်တော် ကားများကိုလည်း လိုက်ဖက်ညီသည့် လောင်စာစနစ် ပြန်လည်ပြုပြင် တပ်ဆင်ရဖွယ်ရှိကြောင်း သိရှိရပါသည်။

16 Nov 2021

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီး သာယာဝတီခရိုင်အနေဖြင့် မိုးစပါးစိုက်ဧကမှာ (၆၇၅၅၉၂)ဧက မင်းလှမြို့အနေဖြင့် (၇၆၁၃၉) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ သာယာဝတီခရီုင်ဦးစီးမှူးနှင့် အတူ မင်းလှမြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၁၀ .

Pages