Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
07 Apr 2021

      စပါးသီးနှံကို ရှေးယခင်က မိုးရာသီတွင်သာစိုက်ပျိုးကြပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှစ၍ နွေ ရာသီတွင် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလာရာ ယခုအခါ  မိုးစပါးစိုက်ဧရိယာ ၁၅ သန်းကျော်နှင့် နွေစပါးစိုက်ဧရိယာဧက ၂.၇ သန်းကျော်စိုက်ပျိုးကြောင်း၊မိုးစပါးသည် မိုးရေကိုအားထားစိုက်ပျိုး ရပြီး နွေစပါးသည် ဆည်ရေ(သို့)မြစ်ရေ၊ ကန်ရေ၊ မြေအောက်ရေ စသည့် သွင်းရေတစ်မျိုးမျိုးဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ မေလမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသောစပါးကို မိုးစပါး၊ အောက်တိုဘာလ မှ ဧပြီလကုန်အထိ စိုက်ပျိုးသောစပါးကို နွေစပါ

06 Apr 2021

     စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်း အချက် အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ် တိုင်ကြားနိုင်ရန်နှင့် လုပ်ငန်းရှင်များက ၎င်းတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းနိုင်ရန် ရည်ရွယ်၍ Consumer Call Center အား ၂၀၂၁ ခ

05 Apr 2021

          မြန်မာလူမျိုးတို့၏ နေ့စဉ်ချက်ပြုတ်စားသောက်မှုအလေ့အထတွင် စားသုံးဆီသည် အဓိကအခန်း ကဏ္ဍမှ မပါမဖြစ် ပါဝင်နေသည်ကို တွေ့ရှိရပေမည်။ ရှေ့မြန်မာများလက်ထက်ကပင် “ဆီရွဲဖွဲ‌ တောင် ဟင်းဖြစ်” ဟု တင်စားရလောက်အောင် စားသုံးဆီကို နှစ်ခြိုက်စွာစားသုံးခဲ့ကြသည်မှာ ယခုကာလအထိ ပင် ဖြစ်ပေရာ ခေတ်စနစ်များ ပြောင်းလဲလာပြီး လူဦးရေတိုးတက်လာသည်နှင့်အမျှ ဆီကိုရေလို မချိုးနိုင် တော့ဘဲ ပြည်ပနိုင်ငံများမှ ဝယ်ယူတင်သွင်းလာခဲ့ကြရပြီ ဖြစ်ပါသည်။

05 Apr 2021

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ တန်ချိန် (5) သိန်းခန့်သာ ရှိပြီး ပြည်တွင်းစားသုံးဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန် (12) သိန်းခန့် ရှိသဖြင့် ပြည်တွင်းသုံးစွဲမှုအား လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသည့်အတွက် လိုအပ်ချက်အရ ပြည်ပမှ နှစ်စဉ် ပဲပုတ်ဆီ၊ နေကြာဆီ၊ စားအုန်းဆီ အစရှိသည့် ဆီများအား တင်သွင်းလျက်ရှိရာ စားအုန်းဆီသည် ပမာဏအများဆုံးဖြစ်ပြီး တန်ချိန်(7)သိန်းခန့်ရှိပါသည်။

Pages