Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Jan 2021

ဇီဝဇိုးငှက်သိုက်

            တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံတောင်ဘက်ဆုံးတွင် တည်ရှိ သည့် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပါသည်။ သဘာဝသယံဇာတများတွင် ထူးခြားသည့် ထွက်ကုန်များ ထွက်ရှိ ရာ ဒေသလည်းဖြစ်ပြီး ထိုအထဲတွင် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေသ ကျောက်တောင်များတွင် ထွက်ရှိသည့် ဇီဝဇိုးငှက်၏အန်ဖက်(သို့မဟုတ်)ငှက်သိုက်သည် ဆေးဖက်ဝင်ထူးခြားသည့် ထွက်ကုန်တစ်မျိုးဖြစ်ပြီး တနင်္သာရီ တိုင်းဒေသကြီးအတွင်း၌သာ အဓိကထွက်ရှိပါသည်။

15 Jan 2021

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) အရ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် သဘာဝအပင်များအနက် စီးပွားရေးအလို့ငှာ မျိုးပွားစိုက်ပျိုးခြင်း ပြုလုပ်နိုင်သော သဘာဝအပင်အမျိုးအမည်များကို သတ်မှတ်ကြေငြာသည့် အမိန့်ကြော်ငြာစာအား အောက်ပါ .pdf ဖိုင်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

14 Jan 2021

     ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက စားသုံးသူကာကွယ်ပေးရေးအကြောင်း တက်ရောက်ဆွေးနွေး ပြောကြားခဲ့သည်။

14 Jan 2021

          တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ(၂/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Pages