Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Apr 2024

             စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေးမှူး)သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

30 Apr 2024

            စားသုံးသူ‌ရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစိုးမိုး (ဦးစီးအရာရှိ) နှင့် ဦးစိုးဝင်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင်  ပဲခူးခရိုင် သနပ္ပင်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။

30 Apr 2024

            ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ္ပင်မြို့နယ် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများဖြစ်ကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းစားသုံးသူရေးရာဦးစီးဌာန တို့မှ တာဝန်ရှိသူများက သွားရောက်၍ ဆန်စပါးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါသည်။

30 Apr 2024

    ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၉-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

30 Apr 2024

        ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ဧပြီလ (၂၅) ရက်နေ့ ၊ နံနက်ပိုင်း စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဌာနခွဲတာဝန်ခံ ဦးဟန်ဝင်းကျော် လိုက်ပါသောအဖွဲ့သည် တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေ ၊ ဒုတိုင်းဦးစီးမှူး 

Pages