Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ တိုင်းဦးစီးမှူးရုံးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ဧပြီလ (၂၅) ရက်နေ့ ၊ နံနက်ပိုင်း စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်၊ ပြည်တွင်းကုန်သွယ်ရေး ဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဌာနခွဲတာဝန်ခံ ဦးဟန်ဝင်းကျော် လိုက်ပါသောအဖွဲ့သည် တိုင်းဒေသကြီး ဦးစီးမှူး ဦးဇေယျာဆွေ ၊ ဒုတိုင်းဦးစီးမှူး  ဦးထွန်းထွန်း ၊ ဌာနခွဲတာဝန်ခံများနှင့် အရာထမ်း ၊ အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူရေးရာ လုပ်ငန်း ဆောင်ရွက်များနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဒုတိုင်းဦးစီးမှူး  ဦးထွန်းထွန်း ၊ ဌာနခွဲ တာဝန်ခံများနှင့် အရာထမ်း ၊ အမှုထမ်းများအားလုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်အား တစ်ဦးချင်းစီ မိတ်ဆက်ဂါရဝ ပြုခဲ့ပါသည်။

       တိုင်းဦးစီးမှူးရုံးရှိ ဝန်ထမ်းများအားလုံး ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်အား ဂါရဝပြုပြီး ညွှန်ကြားရေးမှူးချုပ်၏ ဩဝါဒစကားခံယူပြီးနောက် ဝန်ထမ်းများအားနှုတ်ဆက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

DOCA(Aya)