Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေး Talk Show အစီအစဉ်ပြုလုပ်ခြင်း

Powered by Drupal

    ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် Talk Show အစီအစဉ်ကို (၉-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်   ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show အစီအစဉ်တွင် ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးမင်းဇော်က စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်ဝတ္တရားများကို ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်  စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်  ဈေးနှုန်းများနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်းများအပြင် စားသုံးသူများအနေဖြင့် ကုန်စည်များအပေါ် မိမိတို့၏အခွင့်အရေးများဆုံးရှုံးနစ်နာမှုများရှိပါက ဖျာပုံခရိုင်၊ စားသုံးသူရေးဦးစီးဌာနသို့   လာရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)