Main menu

ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးနှုန်း အခြေအနေ

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓါတ်မြေဩဇာ ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နေ့စဉ်ဈေးနှုန်းကောက်ယူလျက်ရှိပြီး ထိုသို့ ကောက်ယူရာတွင် ဘိလပ်မြေဈေးနှုန်းအား အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းရှိ Pro-1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် စုံစမ်းကောက်ယူ၍ ဓါတ်မြေဩဇာဈေးနှုန်းကို တိုက်ကြီးမြို့နယ်၊ တစ်သုံးလုံးစိုက်ပျိုးရေးအရောင်းဆိုင်တွင် စုံစမ်းမေးမြန်းခဲ့ရပါတယ်။

          ဆင်၊ ကြံ့၊ Alpha၊ Crown၊ Apache ဘိလပ်မြေတံဆိပ်(၅)မျိုး ဈေးနှုန်းကောက်ယူလျက်ရှိရာ ယခုအခါ ဆင်၊ ကြံ့၊ Alpha တံဆိပ်များမှာ ပစ္စည်းပြတ်လပ်နေပြီး Blue Diamond အမှတ်တံဆိပ် ဘိလပ်မြေအမျိုးအစားသစ်တစ်မျိုး ထပ်မံဝင်ရောက်လာခဲ့ပြီး Blue Diamond အမှတ်တံဆိပ် ဈေးနှုန်းမှာ ယခင်အပတ် (၉၀၀၀) မှ ယခုအပတ် (၉၁၀၀)၊  Crown အမှတ်တံဆိပ်ဈေးနှုန်းမှာ ယခင်အပတ် (၈၈၀၀) မှ ယခုအပတ် (၉၁၀၀) နှင့် Apache အမှတ်တံဆိပ်ဈေးနှုန်းမှာ ယခင်အပတ် ၈၄၀၀ မှ ယခုအပတ် (၉၁၀၀) ဈေးအနည်းငယ်မြင့်တက်နေပါတယ်။

          ယူရီယား(ရွှေတောင်)၊ တီစူပါ(သံကွင်း)၊ ပိုတက်၊ အာမို၊ ဩဘာ(သီးစုံ)အမှတ်တံဆိပ်(၅)မျိုး ဈေးနှုန်းကောက်ယူခဲ့ရာ ဓါတ်မြေဩဇာဈေးနှုန်းများမှ အမှတ်တံဆိပ်(၄)မျိုး ဈေးနှုန်းတည်ငြိမ်နေပြီး ဩဘာ(သီးစုံ)အမှတ်တံဆိပ်တစ်မျိုးမှာ ယခင်အပတ် (၅၉၀၀၀) ယခုအပတ် (၆၀၀၀၀)ကျပ် ဈေးနှုန်း အနည်းငယ်တက်နေကြောင်း တိုက်ကြီးမြို့နယ် ဓါတ်မြေဩဇာဈေးကွက်မှ စုံစမ်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး