Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စပါး ဈေးနှုန်းများတည်ငြိမ်နေပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅တန် စီးထွက်ခဲ့ ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၉၀၅၀၀၊ တန်အားဖြင့် ၄၅၂၅တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၂၀၀၀၊ တန်အားဖြင့် တန် ၁၀၀ ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) တင်း၁၀၀လျင် ကျပ်၁,၆၅၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ်၅၅,၀၀၀၊ ဧရာမင်းစပါး (အဟောင်း) တင်း၁၀၀လျင် ကျပ်၁,၂၀၀,၀၀၀၊ ဧရာမင်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၅၃,၀၀၀၊ ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း၁၀၀လျင် ကျပ်၁,၁၀၀,၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ်၄၄,၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း၁၀၀လျင် ကျပ်၉၀၀,၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၄၀,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)