Main menu

ဆီလုပ်ငန်းရှင်အသင်းမှ ရောင်းချပေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ မြို့မစည်ပင်သာယာဈေး၊  ကုန်းဘောင်ဈေးနှင့် အောင်ဇေယျဈေးများတွင် ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်း မှစတင်၍ စားဆီ တစ်ပိဿာ ငွေကျပ် ၄၆၀၀ ကျပ်ဈေးဖြင့် ရောင်းချပေးလျက်ရှိပါသည်။

      ရွှေဘိုမြို့နယ်တွင် အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးဆီရောင်းဝယ်ရေး မော်တော်ယာဉ် ဖြင့် သတ်မှတ်အရေအတွက်ကုန်ဆုံးသည်အထိ  ရောင်းချပေးသွားမည် ဖြစ်သည်။

          အဆိုပါ စားဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချမှုကို မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်း၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)