Main menu

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ၏အခြေအနေ

Powered by Drupal

         ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ 25 ရက်နေ့နှင့် 26 ရက်နေ့များတွင် ဓါတ်ဆီ (95) တစ်လီတာ (1630) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ(1565) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (၁၅၉၀)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၆၀၀) ကျပ်မှ 27 ရက်‌နေ့တွင် ဓါတ်ဆီ (92) တစ်လီတာ (၁0) ကျပ်ဈေးတက်ခဲ့ပြီး၊ ရိုးရိုးဒီဇယ်နှင့်ပရီမီယမ်ဒီဇယ် (၂)မျိုးမှာဈေးငြိမ်ခဲ့ရာ 28 ရက်မှ 31 ရက်ထိ ဓါတ်ဆီ (95) တစ်လီတာ (1665) ကျပ်၊ ဓါတ်ဆီ (92) တစ်လီတာ (1595) ကျပ်၊ရိုးရိုးဒီဇယ်တစ်လီတာ (၁620)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (၁၆3၀) ကျပ်ထိပုံမှန်ဈေးနှုန်းများ တအိအိဈေးနှုန်းမြင့်တက်ရောင်းချလျက်ရှိကြောင်း၊ အလားတူနေ့ရက်များတွင် ရိုးရိုးဒီဇယ်တစ်လီတာ (1423)ကျပ်မှ (1472) ကျပ်ထိလည်းကောင်း၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာ (1443) ကျပ်မှ (1480) ကျပ်ထိလည်းကောင်း အထူး‌ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စက်သုံးဆီဈေးနှုန်းများ ဈေးကွက်စောင့်ကြည့်ကြပ်မတ်ဆောင်ရွက်ရသော စက်သုံးဆီဆိုင် (39) ဆိုင်မှ (14) ဆိုင်တွင် ဒီဇယ်(၂) မျိုးအား အထူးဈေးဖြင့် ရောင်းချနေကြောင်းနှင့် ဇန်နဝါရီလအတွင်း ပြည်တွင်းစက်သုံးဆီပုံမှန်ဈေး နှုန်းများမှာ 1.1.2022 မှ 31.1.2022 ထိ ဓါတ်ဆီ (95) တစ်လီတာ (225) ကျပ်၊ ဓါတ်ဆီ (92) တစ်ဂါလံ (220) ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ (265)ကျပ်နှင့် ဒီဇယ် (ပရီမီယမ်) တစ်လီတာ (265) ကျပ်ထိမြင့်တက်လာကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်း‌ဒေသကြီး