Main menu

တနင်္သာရီတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဌာနသို့ တနင်္သာရီတိုင်းအတွင်း ကြိတ်ခွဲလျက်ရှိသောဆီစက်များစာရင်းအား သွားရောက်မေးမြန်းစုံစမ်း

Powered by Drupal

      နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်ပြီး စာသုံးဆီဖူလုံရေးကို အ‌လေးပေးဆောင်ရွက်လျက်ရှိရာ ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၈-၄-၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းအတွင်း ကြိတ်ခွဲလျက်ရှိသောနှမ်းဆီ၊ ဆီအုန်းကြမ်း၊ အုန်းပျိုဆီကြီးငယ်လတ် (၁၂)စက်တို့၏ အသေးစိတ်စာရင်းများကို တနင်္သာရီတိုင်းစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး‌ရေးဦးစီးဌာနသို့ သွားရောက်မေးမြန်းခဲ့ပြီး မြိတ်ခရိုင်၊ နဝရတ်လမ်းအထက် ရေပုံးလမ်း စက်ရုံပိုင်ရှင်ဦးမျိုးအောင်၏ သဘာဝအုန်းပျိုဆီလုပ်ငန်းစက်ရုံသို့ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။  

DOCA(တနင်္သာရီ)