Main menu

မြိတ်မြို့၊ ခရိုင်ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ လုပ်ငန်းရှင်များအား ဟောပြော

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၉) ရက်နေ့၊ နံနက်(၉း၃၀)နာရီအချိန်၌ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  စားသောက်ကုန်နှင့် အလှကုန်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါဟောပြောပွဲကို စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်‌ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာကျင့် သုံးရမည့်အချက်များ၊ မြန်မာစာဖြင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိစေရေးတို့ကို ဟောပြော ဆွေးနွေးခြင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထောက်ခံချက်ရရှိထားသော စားသောက်ကုန်/အလှကုန်များသာ‌ရောင်းချစေရေးနှင့် တရားမဝင်/ဘေးအန္တရာယ်ရှိသော ကုန်စည် များရောင်းချမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)