Main menu

ပေါင်မြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၅-၄-၂၀၂၄) ရက်နေ့၌ စားသုံးသူကာကွယ်​​ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

      ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဉ္ဇာစိုးက အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာ‌ဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးက စားသုံးကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် စားသုံးသူနစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာ၊ တိုင်ကြားနိုင်မှုနည်းလမ်းများ၊ အရေးယူဆောင်ရွက်မှုအခြေအနေများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်‌။

DOCA(မွန်)