Main menu

ဦးအရှေ့ကူးမားအိမ်သုတ်ဆေးလုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင် ဆောင်ရွက် နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှု အခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂၂.၄.၂၀၂၄ ရက်နေ့ နေ့လယ် (၁၅:၄၅) နာရီတွင် ရွာသာကြီး(အလတ်စား) စက်မှုဇုန်အတွင်းရှိ အမှတ်(၁၅၅)၊ စိန္တကျော်သူဦးဩလမ်း၊ တောင်ဒဂုံ မြို့နယ်၏  ဦးအရှေ့ကူးမားအိမ်သုတ်ဆေးလုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် မြေနေရာငှားရမ်းအသုံးပြု လုပ်ကိုင်ဆောင်ရွက် ရသဖြင့် ငွေကြေးအခက်အခဲကြောင့် ၂၀၁၉  ခုနှစ်တွင်  မြေနေရာပြန်လည်အပ်နှံခဲ့ကြောင်း၊ ရွာသာကြီး (အလတ်စား)စက်မှုဇုန် ကော်မတီရုံးမှ ဖြေကြားခဲ့ပြီး လုပ်ငန်းပိတ်သိမ်းထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ရန်ကုန်)