Main menu

L MAIX ဆပ်ပြာဆီလုပ်ငန်းအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့်ဝန်ထမ်းများသည် ၂၃.၄.၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၅:၀၀ နာရီတွင် အရှေ့ဒဂုံစက်မှုဇုန်၊ အမှတ်(၂)၊ ဦးမြဲလမ်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ L MAIX ဆပ်ပြာဆီ လုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ရာ ၎င်းလုပ်ငန်းသည် COVID Third Wave ကာလတွင် ကုန်ကြမ်းမရ၍ ယာယီရပ်နားထားခဲ့ပြီး ယခုအခါ Fiber Ciub (ရေတိုင်ကီ) ရောင်းဝယ်ရေးလုပ်ငန်းအား ငှားရမ်းထားကြောင်း စက်မှုဇုန်ကော်မတီရုံးမှ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)