Main menu

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်  (၉-၄-၂၀၂၄) ရက်နေ့မှ (၁၂-၄-၂၀၂၄) ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ဘုရင့်နောင်ဆိပ်ကမ်း၊ ဗားကရာဆိပ်ကမ်း၊ ထူးဆိပ်ကမ်း၊ နိုင်ဂရုဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့ စသည့်ပူးပေါင်းအဖွဲ့များနှင့်ပူးပေါင်း၍ ရေယာဉ်များတွင်တင်ဆောင်ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများတင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

      ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၉-၄-၂၀၂၄) ရက်နေ့မှ (၁၂-၄-၂၀၂၄) ရက်နေ့အထိ ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်းတစ်ပိဿာလျှင် အနိမ့်ဆုံး ၃၀၀၀ကျပ်မှ အမြင့်ဆုံး ၈၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၁၂၅၀၀ကျပ်၊ ငါးသလောက်တစ်ပိဿာလျှင် ၉၅၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးခေါင်းပွတစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၇၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ကကတစ်တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ ငါးနုသန်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ငါးဖီးမ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာလျှင် ၂၇၀၀ကျပ်မှ ၅၃၀၀ကျပ်၊ ငါးခုံးမတစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ ပုစွန် (ကျော့) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်၊ ပုစွန်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်၊ ငါးမျက်ကြယ်တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၀၀၀ကျပ်၊ ပီဇာတစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်၊ ငါးနှပ်(အာဗြဲခြောက်) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်၊ ကင်းမွန်တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ပလာတူးတစ်ပိဿာလျှင် ၅၀၀၀မှ ၅၅၀၀ကျပ်၊ ရွှေငါးတစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ပြည်ကြီးငါးတစ်ပိဿာလျှင် ၃၀၀၀၀ကျပ်မှ ၄၅၀၀၀ကျပ်တို့ရှိကြောင်း ရွှေပိတောက်ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)