Main menu

ကန့်ဘလူမြို့တွင် ပြည်သူများကို ဈေးနှုန်းသက်သာစွာ စားအုန်းဆီများရောင်းချပေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် စားအုန်းဆီများကို ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။  

      ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၄ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်ရှိ စားသုံးသူပြည်သူများကိုရောင်းချပေးခဲ့ရာ  စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ပြည်သူတစ်ဦးလျှင် (၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးခဲ့ပြီး ပြည်သူ (၁၉၈၀)ဦးအတွက် စားအုန်းဆီ ၁၉၈၀ပိဿာ ရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင်များအသင်းထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)