Main menu

ပခုက္ကူကုန်စည်ဒိုင်၌ ဧပြီလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီများဈေးကောင်းရနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပဲစဉ်းငုံနီ စိုက်ပျိုးထုတ်လုပ်ရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိကျေးရွာများဖြစ်သော  ကံတော်၊ကံလှ၊ကံတိန်၊ ဒဟက်ခြောက်၊ ချောက်ကန်အုပ်စု ကျေးရွာများ၊ အင်ပင်ကျေးရွာနှင့် ကိုင်းအုပ်စုကျေးရွာများတွင်အဓိကစိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံနီ ဈေးနှုန်းသည် ၂၀၂၄ခုနှစ်၊ ဧပြီ(ပထမပတ်)မှစ၍ တရိပ်ရိပ်တက်နေကြောင်းကုန်စည်ဒိုင်မှ သိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူမြို့နယ်သာမက အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦးခရိုင် အတွင်းရှိနယ်များမှလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေကြောင်းကုန်စည်ဒိုင်မှ သိရှိရပါသည်။

     ပခုက္ကူကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ပဲစဉ်းငုံနီဈေးနှုန်းများမှာ ဧပြီလ(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၂၁၈၀၀)၊ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ် (၁၃၁၂၀၀)၊ (စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ ဒိုင်ပြတ်ဈေးမှာ တစ်တင်းလျှင် ကျပ်(၁၃၃၀၀၀) ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ (၁၀၀ မှ ၈၀၀) အထိ ဖြစ်နေပါသည်၊။ တင်ပို့မှုအနေဖြင့် ရန်ကုန် ဘုရင့်နောင်သို့ ကုန်လမ်းအပြင် ရေလမ်းခရီးမှလည်းတင်ပို့မှုများရှိနေကြောင်း ကုန်စည်ဒိုင်နှင့်  ရေကြောင်းလမ်းပို့ဆောင်ရေးတို့မှ သိရှိရပါသည်။

DOCA(မကွေး)