Main menu

အထက်မင်းလှမြို့နယ်၌ မိုးကြိုဖူးစာပြောင်းများစတင်းစိုက်ပျိုးလျက်ရှိ

Powered by Drupal

               မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ပြီး ကြက်သွန်နီ၊ နှမ်း၊ ပြောင်း၊ ဝါ၊ မြေပဲ၊ ကုလားပဲစသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          ဂျင်ရဲမြောင်(စံပြ)ကျေးရွာတွင် မိုးရာသီမတိုင်မီ မြေအောက်ရေကိုအသုံးပြုကာ သကြား ပြောင်းနှင့် ပြောင်းစီးများကိုစိုက်ပျိုးလျက်ရှိရာ တောင်သူ(၁၀)ဦးမှာ စိုက်ဧက(၁၀)ဧကခန့် စိုက်ပျိုး ထားကြောင်း၊ စိုက်ပျိုးရာတွင်  ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး မိမိအနေဖြင့် သကြားပြောင်း နှင့် ပြောင်းစီး(၁)ဧကခန့်စိုက်ပျိုးထားကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလ(တတိယပတ်)နှင့် မေလအထိ စိုက်ပျိုးကြရာ စိုက်ပျိုးပြီး(၁)လခွဲနှင့် (၂)လအကြာတွင် ခူးဆွတ်နိုင်ကြောင်း၊ စိုက်ပျိုးစဉ် တလျှောက် ရေ(၁၃)ကြိမ်ခန့်သွင်းပေးရကြောင်း၊ (၁)ဧကလျှင် မျိုး(၇)ဘူးခန့်ကုန်ကျပြီး သကြားပြောင်းမျိုး (၁)ဘူးလျှင် ကျပ်(၄၄၀၀၀)၊ ပြောင်းစီး(၁)ဘူးလျှင် ကျပ်(၃၄၀၀၀)ဖြင့် အထက်မင်းလှမြို့ရှိ စိုက်ပျိုး ရေးဆေးဆိုင်များမှဝယ်ယူကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် လုပ်အားခ၊ မြေပြုပြင်ခ၊ ရေတင် ဓါတ်ဆီခ၊ မျိုးနှင့်အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၈၀၀၀၀၀) ခန့်ကုန်ကျပြီး ယခုနှစ်တွင်  မျိုး၊ လုပ်အားခနှင့်ရေတင်ဓါတ်ဆီခမြှင့်တက်လာ၍ တစ်ဧကလျှင် ကျပ်(၈၄၀၀၀၀)ခန့်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က ပြောင်းစိုက်(၁)ဧကလျှင် အဖူးရေ(၁)သောင်းကျော်ထွက်ရှိပြီး တစ်ဖူးလျှင် အကြီး၊ အသေးအလိုက် လက်ကားဈေး ကျပ်(၂၅၀ မှ ၃၀၀)ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ဈေးနှင် မင်းလှ-ဘက်စုံရှိ ပြောင်းဖူးဒိုင်သို့ တင်ပို့ရောင်းချကြောင်း ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ ပြောင်းစိုက်တောင်သူ ဦးတင်ဇော်ဌေးထံမှ သိရှိရပါသည်။

နှင်းလွင်ဦး(မကွေး)