Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်နှင့်ပြုလုပ်သော လုပ်ငန်းညှိအစည်းအဝေးတက်ရောက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၄.၅.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပသော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့မှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

     အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးနှင့် အတူ သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှ လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးခဲ့ပြီး ရုံးချုပ်မှညွှန်ကြားမှုအပေါ် ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များအား ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)