Main menu

စားအုန်းဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃-၅-၂၀၂၄)ရက်နေ့၊နံနက်  (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ညောင်တုန်းမြို့နယ် စားအုန်းဆီအရောင်းဆိုင်(၈)ဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

        ဈေးကွက်အတွင်းရှိ စားအုန်းဆီရောင်းချသော ဆိုင်များတွင် FDA ဌာန၏ခွင့်ပြုချက်၊ ထောက်ခံချက် ပါဝင်မှုရှိ/မရှိကို စစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှု ရှိ/မရှိနှင့် ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဖြင့် ရောင်းချရန်၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်တို့အား အသိပေးရှင်း လင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)