Main menu

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး တာဝန်ရှိသူ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၆.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀) အချိန်က မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်(၈) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။

   မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍  ပန်းတနော်မြို့ ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများနှင့်ပတ်သက်၍ FDA ဌာနသက်ဆိုင်ရာ ထောက်ခံချက်မပါသော ဆီဘူးများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မပါဝင်သော ကုန်စည်များ၊ ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် ခံရမည်ဖြစ်ကြောင်း၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာန၏ website , facebook Page နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ပြောကြားခဲ့သည်။

DOCA(ဧရာဝတီ)