Main menu

ပြည်ဈေးကွက်သို့ မုန်လာဥနီအဝင်နည်း

Powered by Drupal

       ပြည်ဈေးကွက်အတွင်း ရောင်းချနေသော မုန်လာဥနီမှာ ယိုးဒယားမျိုး မုန်လာဥနီနှင့် ဗမာမျိုး မုန်လာဥနီတို့ဖြစ်ပြီး ယိုးဒယားမျိုးမှာ ရှမ်းပြည်ဘက်မှ အဝင်ရှိသဖြင့် ယခုကဲ့သို့ ပူပြင်းသည့် နွေရာသီကာလတွင် ယိုးဒယားမျိုးမှာ ဗမာမျိုးထက် နူးညံ့မှုရှိသည့်အတွက် အထားမခံဘဲ ရိခြင်းများဖြစ်ပေါ်သောကြောင့် (၃)ပတ်ခြားတစ်ကြိမ်သာအဝင်ရှိနေသည်။ ယိုးဒယားမျိုး မုန်လာဥနီမှာ တစ်ပိဿာလျှင် ကျပ် (၆၀၀၀-၇၀၀၀) နှုန်းရှိပြီး အဝင်မှာ တစ်ကြိမ်လျှင် ၆ပိဿာ/ ၇ပိဿာခန့် အဝင်ရှိကာ အဝင်ရှိသလောက်သာ အရောင်းအဝယ်ဖြစ်နေသည်။

         ဗမာမျိုးမုန်လာဥနီမှာ ပြည်ဈေးကွက်သို့ မှော်ဇာ၊ ပုတီးကုန်း၊ သဲကုန်း၊ ဇီးအုပ်၊ နတ်တလင်း စသည့်ရွာများမှ ၃ရက်ခြားတစ်ကြိမ်အဝင်ရှိနေပြီး တစ်ကြိမ်လျှင် ၃ပိဿာ/ ၄ပိဿာခန့်အဝင်ရှိနေသည်။ အရောင်းအဝယ်မှာ အဝင်ရှိသလောက် ရောင်းဝယ်မှုဖြစ်နေပြီး ၂၀၂၄ခုနှစ်၊ မေလ  ပထမပတ်ဈေးနှုန်းအရ တစ်ပိဿာလျှင် ကျပ် (၃၀၀၀-၃၅၀၀) နှုန်းတို့ဖြင့် ရောင်းဝယ်မှုရှိနေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)