Main menu

တရုတ်သမ္မတရှီကျင့်ဖျင်ပြင်သစ်နိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေပြီးကုန်သွယ်ရေး ဆိုင်ရာအငြင်းပွားမှုများကိုဆွေးနွေးမည်

Powered by Drupal

        တရုတ်သမ္မတရှီကျင့်ဖျင်သည် မေလ၅ရက်နေ့က ပြင်သစ်နိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ် ခရီးသွားရောက်ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသွားမည်ဟု သိရပါသည်။ ဥ‌ရောပသမ္မဂ္ဂ နှင့် တစ်ဖြည်းဖြည်းတိုးပွားလာသော ကုန်သွယ်ရေး အငြင်းပွားမှုများ ကိုဆွေးနွေးရန် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ခရီးရောက်လာသော သမ္မတရှီက တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံများ၏ ကွဲပြားခြားနားသော လူနေမှုစနစ်များ အကြား ငြိမ်းချမ်းစွာအတူတကွရှိမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့အတွက် နိုင်ငံတကာလူမှုအဖွဲ့အစည်း၏ စံပြတစ်ခု ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သမ္မတရှီ သည် ပြင်သစ်သမ္မတမက်ခရွန်၊ ဥရောပကော်မရှင် အကြီးအကဲတို့နှင့် မေလ ၆ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး မက်ခရွန်က ကုန်သွယ်ရေးမညီမျှမှုကို လျော့ချရန် တိုက်တွန်းသွားမည်ဟု သိရပါသည်။ ပြင်သစ်နိုင်ငံသည် တရုတ်လျပ်စစ်ကားများတင်ပို့မှုကို ဥရောပသမ္မဂ္ဂ၏စုံစမ်းမှုကို ထောက်ခံခဲ့ပြီး တရုတ်နိုင်ငံကလည်း ဇန်နဝါရီလတွင် ပြင်သစ်နိုင်ငံထုတ် ဘရန်ဒီအရက်များ တင်သွင်းမှုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ပြန်လည်တုံ့ပြန်ခဲ့သည့်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေးအကြား အဖုအထစ်များဖြစ်ပေါ်ခဲ့ပါသည်။ ပြင်သစ်သမ္မတမက်ခရွန်က သမ္မတရှီအလည်အပတ်ခရီးမတိုင်ခင်က ပြင်သစ်နိုင်ငံသတင်းစာ La Tribune နှင့်အင်တာဗျူး တွင် ကျွန်ုပ်တို့သည် အပြန်အလှန်အပေးအယူရှိသောသဘောတရားကို ဆက်လက်ထိန်းသိမ်းရန် အလိုရှိ ကြောင်းနှင့် ကျွန်ုပ်တို့၏စီးပွားရေးလုံခြုံစိတ်ချစေရန်အတွက် ဖြေရှင်းဆောင်ရွက်ရန် အကြောင်းတရား များရှိကြောင်း ပြောကြားခဲ့ပါသည်။ ဥရောပသမ္မဂအဖွဲ့ဝင်(၂၇)နိုင်ငံအနက် ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံ တို့သည် တရုတ်နိုင်ငံကို ချည်းကပ်ရာတွင် သဘောထားကွဲပြား ကြသည်။ ဂျာမတီနိုင်ငံ၏အဓိပတိ အောလာရှော့ဝ်သည် မက်ခရွန်နှင့်သမ္မတရှီတွေ့ဆုံမှုတွင် ပူးပေါင်းပါဝင်မည်မဟုတ်ကြောင်း သိရပါသည်။ မက်ခရွန်က ဥရောပနိုင်ငံများသည် မိမိတို့ ဆွေးနွေးမည့် အကြောင်းအရာနှင့်ပတ်သတ်၍ ညီညွတ်မှုမရှိကြကြောင်း၊ အဘယ်ကြောင့် ဆိုသော် နိုင်ငံများသည် တရုတ်နိုင်ငံကို မဖြစ်မနေအ‌ရေးပါသော စျေးကွက်အခွင့်အလမ်းဟု ရှုမြင်ထား၍ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါကွဲပြားခြားနားမှုများသည် ဥရောပသမ္မဂ၏ တရုတ်နိုင်ငံအပေါ်လွှမ်းမိုးနိုင်စွမ်းကို လျော့ပါးစေနိုင်ကြောင်းသိရပါသည်။ ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံစျေးကွက်ကို ၎င်းတို့၏စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့နိုင်ရန်အတွက် တိုးတက်မှု များရှိလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ပြင်သစ်နိုင်ငံအလှကုန်ပစ္စည်းထုတ်လုပ်သည့် လောက၏ မူပိုင်ခွင့်နှင့်ပတ်သတ်သည့် စိုးရိမ်မှုများကိုဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် သမ္မတရှီ၏အလည်အပတ်ခရီးစဥ်အတွင်း Airbus လေယာဥ်အစီး(၅၀) မှာယူသွားမည်ဟု ကြေညာနိုင်သော်လည်း ၎င်းသည်အသစ်ထပ်မံမှာယူစာချုပ်ခြင်း ဟုတ်မည် မဟုတ်မည် မသေချာသေးကြောင်းသိရပါသည်။

DOCA(ရန်ကုန်)