Main menu

ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးတို့တွင် ရောင်းချနေသာငရုတ်သီးခြောက်ဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်ဈေး၊ အမှတ်(၂)ဈေးနှင့် ပျံကျဈေးတို့တွင် ငရုတ်သီးခြောက်အမျိုးမျိုး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငရုတ်သီးများမှာ ပန်းရဲ၊ မြှားနီ၊ မယ်သီ၊  ကာမာလာ၊ ညောင်တော၊ မိုးမျှော်ငရုတ်သီးတို့ဖြစ်ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

       ငရုတ်သီးခြောက်အမျိုးအစားကိုလိုက်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ပန်းရဲ(ခေါ်)ပလပ်သီးမှာ တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)၊ မြှားနီ (မယ်သီ)တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ ကာမာလာငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၆၀၀၀-၆၅၀၀)၊ ညောင်တောသီး တစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊  မိုးမျှော်သီးတစ်ပိဿာလျှင် ကျပ်(၉၀၀၀-၉၅၀၀)ဖြစ်ပြီး ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ငရုတ်သီးအနုမှုန့် တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊   ငရုတ်သီးစိမ်း တစ်ပိဿာ လျှင် ကျပ်(၅၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုနှစ်များတွင် တောင်သူများမှ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်အဝင်နည်းခြင်းတို့ကြောင့်  အရောင်းအဝယ်အသင့်အတင့်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)