Main menu

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၄-၅-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီလက်ကား ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထို့သို့ စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးစိန်ဝင်း၊ ဒုတိယ ကြီးကြပ်ရေးမှူး၊ ဦးထွန်းမင်းသန့်၊ အကြီးတန်းစာရေးနှင့် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ဆီလုပ်ငန်းရှင် ဦးအောင်ကိုထက် လက်ကားရောင်းချသည့်နေရာ၊ သီရိရတနာ(မြို့မဈေး)ရှိ ဆီလုပ်ငန်းရှင် ဒေါ်တင်နု လက်ကား ရောင်းချသည့်နေရာ၊ အမှတ်(၁)ရပ်ကွက်၊ နဝရတ်လမ်းမကြီးရှိ ဆီလုပ်ငန်းရှင် ဦးအုပ်စိုးကျော် လက်ကားရောင်းချသည့်နေရာ၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဆီလုပ်ငန်း ရှင် ဒေါ်ခိုင်ခိုင်မာ လက်ကားရောင်းချသည့်နေရာ၊ ပတ္တာကျေးရွာရှိ ဆီလုပ်ငန်းရှင် ဦးသိန်းဝင်း လက်ကားရောင်းချသည့်နေရာ၊ ကြောင်ရေကျေးရွာရှိ ဆီလုပ်ငန်းရှင် ဒေါ်ခင်ဥမ္မာအောင် လက်ကား ရောင်းချသည့်နေရာ၊ အေလာမြို့၊ ရွာမရပ်ရှိ ဆီလုပ်ငန်းရှင် ဦးအေးထွန်း လက်ကားရောင်းချသည့် နေရာတို့အား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး ခဲ့ပါသည်။

     ထိုကဲ့သို့ စစ်ဆေးရာတွင် လယ်ဝေးမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်ကားရောင်းချသည့် ဆီလုပ်ငန်းရှင်(၇)ဦးသည် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း မရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေ၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)