Languages

Main menu

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် စစ်ဆေးရေးအရာရှိများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချ

Powered by Drupal

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် စစ်ဆေးရေးအရာရှိ များ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာသင်တန်းကို ၁၂.၈.၂၀၂၀ ရက်နေ့နှင့် ၁၃.၈.၂၀၂၀ ရက်နေ့ တို့တွင် ဖွင့်လှစ်ပို့ချခဲ့ရာ ပြည်နယ်ဦးစီးမှူးရုံး၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင်တို့မှ စစ်ဆေးရေး အရာရှိတာဝန်ပေးအပ်ထားသော အရာထမ်း၊ အမှုထမ်းများနှင့် ဌာနခွဲတာဝန်ခံများ၊ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၂၁) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းတွင်မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးကသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဖြင့် ဆောင်ရွက်မည့် အစီအစဉ်များအား ဦးဆောင်ဆွေးနွေးပြီး မိတ်ဖက်ဌာနများဖြစ်သော မွန်ပြည်နယ် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာစိုးနိုင်က ၎င်းတို့၏ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမော် က ဓါတ်မြေဩဇာနှင့် ပတ်သက်၍လည်းကောင်း၊ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းလွင် က ပိုးသတ်ဆေးနှင့်ပတ်သက်၍ လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇင် က အိမ်သုံးလျှပ်စစ်ပစ္စည်း များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့ပြင်မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက စားသုံးသူကာကွယ် ရေးဥပဒေနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးကိစ္စရပ်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ Market Serveillance (Recall and Ban) ဆိုင်ရာဆောင်ရွက်မှုများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန