Languages

Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မြို့မစည်ပင်ဈေးနှင့် ဆေးဝါးအရောင်းဆိုင်များသို့ ထုတ်ကုန်များလုံခြုံ စိတ်ချမှုရှိလာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင် ဦးစီးမှူးဦးကျော်ငွေနှင့်ဝန်ထမ်းများ၊ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်၊ မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေး ဦးစီးဌာနမှ အမှုဆောင်အရာရှိ ဒေါ်စန္ဒာထွန်းနှင့် စည်ပင်ဈေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ လက်ထောက်ကျန်းမာရေးမှူး ဒေါ်သင်းသင်းနွယ်နှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ဒုရဲအုပ်ဦးမြင့်ဝေ၊ အမှတ်(၂)ရပ်ကွက်အုပ် ချုပ်ရေး မှူး ဦးကျော်ရွှင်၊ မြို့မဈေးစားသုံးသူရေးရာအဖွဲ့များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီး ဌာန(FDA)မှ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး Dr.ထွန်းလင်းအောင်ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့ဖြင့် ပူးပေါင်း၍ (၁၂.၈.၂၀၂၀) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာရှိ စိန်ငါးပွင့် ဆန်စက်၌ ဆန်စက်လုပ်ငန်းရှင်(၁၅)ဦးအား (FDA)လက်မှတ် လျှောက်ထားရာတွင် လိုအပ်သော ဆောက်ရွက်မှုလုပ်ငန်းစဉ်များအား တိုင်းဒေသကြီးဦးစီးမှူး Dr.ထွန်းလင်းအောင်မှ ရှင်း လင်းဆွေး နွေးပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်ငွေမှ စားသုံးသူ ကာကွယ် ရေးဥပဒေအကြောင်း နှင့်ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့ဖြင့် ဝက်လက်မြို့စည်ပင်ဈေးအတွင်းရှိ လက်ဖက်၊ အချဉ်ဖက်၊ လက်လုပ်ချဉ်၊ ငါးပိ၊ မုန့်တီဖက်၊ ပဲပြား၊ ဝက်အူချောင်း၊ ကြက်အူချောင်းစသည့် စားသောက်ကုန်အမျိုးအစား (၅၄)မျိုး၊ နမူနာဝယ်ယူကာ Mobile Lab ဓာတ်ခွဲစမ်းသပ်ယာဉ်ဖြင့် စစ်ဆေးခဲ့ရာ စားသောက်ကုန်များတွင် ခွင့်မပြုထားသော ကြာရှည်ခံဆေးများ ပါဝင်ခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ (FDA)ဌာနမှ တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုခရိုင်ဦးစီးမှူးဒေါ်နှင်းနှင်းခိုင်ပါဝင်သော ဝန်ထမ်းများဖြင့် မြို့ပေါ်ရှိ ဆေးဝါးအရောင်း ဆိုင်(၁၀)ဆိုင် သို့ ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/မရှိစစ်ဆေးခြင်း၊ မှတ်ပုံတင်မှု မရှိသောဆေးဝါး ရောင်းချမှုရှိ/မရှိ စစ်ဆေးခြင်း နှင့်သက်တမ်း လွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး (FDA) ဝန်ထမ်းများမှ စည်ပင်ရုံးခန်းအတွင်း၌ ဈေးသည်များ၊  စားသုံးသူများအား ဘေးဥပါဒ်အန္တရာယ်ဖြစ် စေမည့် ခွင့်မပြုဓာတုဆေးဝါးများ သုံးစွဲမှုမရှိစေရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန