Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၄.၄.၂၀၂၄ )

၂၄.၄.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၄.၄.၂၀၂၄ )

   ၂၄.၄.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ဈေးကွက်အေးနေသော မအူပင်ခရိုင် ငရုတ်ဈေးကွက်အခြေအနေ

    မအူပင်ခရိုင်သည်စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ခရိုင်တစ်ခုဖြစ်ပါသည်။ ငရုတ်လှိုင်လှိုင်ပေါ်သော ယခုလိုအချိန်အခါတွင် ယခင်နှစ်က မအူပင်ခရိုင်အနေဖြင့် (၃၉၆၈၁)ဧက စိုက်ပျိုးခဲ့ပြီး ပျမ်းမျှအထွက်နှုန်း ၃၆၄.၅၆ ပိဿာနှုန်းထွက်ရှိ၍ ငရုတ်ပိဿာ စုစုပေါင်းထွက်ရှိမှု ၁၄၄၇၀၁၅၇ ပိဿာခန့်ထွက်ရှိခဲ့ပါသည်။ ထွက်ရှိသော ငရုတ်သီးနှံများကို ပြည်ပဝယ်လိုအား ရရှိပြီး တစ်ပိဿာလျှင် (၆၅၀၀/-)ကျပ်ဖြင့် ဈေးကောင်းရရှိခဲ့ကြောင်း ငရုတ်ပွဲရုံများထံမှ သိရှိရပါသည်။

     ယခုနှစ်တွင် မအူပင်ခရိုင်အတွင်း ငရုတ်စိုက်ပျိုးမှု (၄၀၅၅၇)ဧက စိုက်ပျိုးခဲ့ပြီး ပျမ်းမျှ အထွက်နှုန်းအားဖြင့် (၃၉၄.၅၅)ပိဿာနှုန်းဖြင့် ထွက်ရှိပြီး ငရုတ်ပိဿာ စုစုပေါင်း (၁၆၀၀၀၅၅၉) ပိဿာခန့် ထွက်ရှိခဲ့ပါသည်။ ယခုနှစ် ငရုတ်လှိုင်လှိုင်ပေါ်သောကာလတွင် မအူပင်ခရိုင်အနေဖြင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် တပြိုက်နက် ငရုတ်ပေါ်အချိန် ရောက်ရှိနေ သောကြောင့် ငရုတ်သီးနှံများ လှိုင်လှိုင်ပေါ်ပြီး ပြည်ပဈေးကွက် ဝယ်လိုအား ရရှိမှုနည်းပါးလာခြင်းကြောင့် ယခုနှစ်တွင် ငရုတ်သီးနှံများ ပေါများပြီး ဈေးကောင်းရရှိမှုနည်းပါးကြောင်း ကွင်းဆင်းလေ့လာမှုအရ သိရှိခဲ့ရပါသည်။

    ငရုတ်ပွဲရုံများတွင် ယခင်နှစ်က ငရုတ်မှည့်စိုများကို အအေးခန်းကားများဖြင့် စနစ်တကျ ပြည်ပဈေးကွက်အရောက် ပေးပို့နိုင်ခဲ့ပြီး ယခုနှစ်တွင် ငရုတ်မှည့်စိုများကို ပြည်ပဈေးကွက်သို့ ရောင်းချရန် ဈေးကွက်ရရှိမှု နည်းပါးလာခဲ့ပါသည်။ ငရုတ်မှည်စိုများ ပြည်ပဈေးကွက်ရရှိမှု အားနည်းလာသော ကြောင့် ပြည်တွင်းဈေးကွက်တွင် ငရုတ်မှည့်ခြောက်များ  ပြည်တွင်းဈေးကွက်အတွင်း၌ ပိုလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ငရုတ်စားသုံးမှုသည် ပြည်တွင်းဈေးကွက်အတွက် ပိုလျှံသဖြင့် ပြည်တွင်းဈေးကွက်အတွင်း ရောင်းလိုအားများပြားလာခဲ့ပြီး ဝယ်လိုအားမှာ ပုံမှန်ဖြစ်သောကြောင့် ပြည်တွင်းစားသုံးမှုထက် ပိုလျှံသော ငရုတ်ဈေးကွက်လျော့ပါးလာခဲ့ပါသည်။

       မအူပင်ခရိုင်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု နှစ်စဉ် တိုးတက်ထုတ်လုပ်လျက်ရှိသဖြင့် ယခုနှစ်တွင် ပိုမိုထွက်ရှိသော ငရုတ်ဈေးကွက်ရရှိမှု ပြည်ပဝယ်လိုအား ရရှိမှု လျော့ပါးခဲ့သဖြင့် ဈေးကွက်အေးနေသော အခြေအနေတွင် ရှိနေကြောင်း ငရုတ်ပွဲရုံများ၏ ပြောပြချက်အရ သိရှိရပါ သည်။

     ငရုတ်စိုက်ပျိုးသော တောင်သူများအနေဖြင့်လည်း ပြည်ပဈေးကွက်ဝယ်လိုအားရရှိမှု နည်းပါးသောကြောင့် ပြည်တွင်းဈေးကွက်ကိုသာ အဓိကထား ရောင်းချရသောကြောင့် ဈေးနှုန်း အနည်းငယ် အေးနေသည့်အတွက် တောင်သူအကျိုးအမြတ်မှာ ယခင်နှစ်ကဲ့သို့ ထိုက်ထိုက်တန်တန် အကျိုးရှိရှိ မရခဲ့သော်လည်း သင့်တင့်မျှတသော အကျိုးအမြတ်ရရှိနိုင်ကြောင်း ဝါရင့်ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦး၏ ခန့်မှန်းသုံးသပ်ချက်အရ သိရှိရပါသည်။

      ငရုတ်ပွဲရုံပိုင်ရှင်တစ်ဦးက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ပြည်ပဈေးကွက်ရရှိရေး၊ ဆောင်ရွက်နိုင်ပါက ငရုတ်ဈေးကွက်သည် ပြန်လည်ဦးမော့လာပြီး ဈေးကွက်ခိုင်မာမှု ရရှိလာမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားချက်အရ သိရှိခဲ့ရပြီး ပြည်ပဈေးကွက်အလား အလာကောင်းရှိ‌သော ငရုတ်သီးနှံဈေးကွက်ရရှိရေး ပိုမိုဆောင်ရွက်ပေးနိုင်ရန်တို့ကို အလေးပေးဆောင်ရွက်နိုင်ပါက ဈေးကောင်းရဈေးကွက်ဝင်ပြည် ပပို့ကုန်ဖြစ်လာမည်မှာ ဧကန်ဖြစ်ပါသည်။

DOCA(ဧရာဝတီ)

 

ကရင်ပြည်နယ်ဒေသထွက် မကျည်းမှည့်(အသစ်)ဈေးနှုန်း

      ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယ်ပတ်တွင်  ကရင်ပြည်နယ် ဘားအံမြို့ ရေပေါ်စံပြဈေးသို့ မကျည်းမှည့်အသစ်များ  ဝင်ရောက်လျက်ရှိပြီး မကျည်းမှည့် အသစ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ် ၊မကျည်းမှည့်အဟောင်း ၁ ပိဿာလျှင်(၃၅၀၀) ကျပ်၊ နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အဟောင်းနှင့်အသစ် ၁ ပိဿာလျှင် ၃၅၀၀ ကျပ်ခန့် ဈေးကွာဟကြောင်း သိရသည်။ ဈေးနှုန်း နှိုင်းယှဉ်ချက်များအရ မကျည်းမှည့် ဈေးနှုန်းများမှာ ယခင်နှစ်တွင် အသစ်ဈေး ၁ ပိဿာလျှင် ၅၀၀၀ကျပ်၊ အဟောင်းဈေး ၁ ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်သောကြောင့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက် ဈေးနှုန်း

     ၂၀၂၄ ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင်  ကရင်ပြည်နယ်၊ ဘားအံမြို့ ဈေးကွက်အတွင်း  နွေရာသီပေါ်ဟင်းသီးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်များလှိုင်လှိုင်ပေါ်ပြီး ဈေးနှုန်းကောင်း လျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်ကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ကင်ပွန်းချဉ်ရွက်ကို (ပတက်စာ)နဲ့ ချည်ရည်ဟင်းချိုကျဲကျဲ အရည်သောက်ပဲချက်ချက်၊ ငါးလေးနဲ့ပဲချက်ချက်၊ ပုစွန်စိတ်ကလေးနဲ့ပဲကြော်စားစား ထမင်းမိန်ကာ စားလို့ကောင်းရုံတာမက ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးနိုင်ပါသည်။ ကင်ပွန်းချဉ်ရွက်ကို အစည်းလိုက်ရောင်းချကြရာ ကင်ပွန်ချဉ်ရွက် အစည်းသေးတစ်စည်း(၃၀၀)ကျပ်၊ အစည်းလတ်တစ်စည်း(၅၀၀)ကျပ်နှင့် အစည်းကြီးတစ်စည်း (၁၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်း ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(ကရင်)

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

      သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဧပြီလ၏ ပထမအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ဦးတည်လျှက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင် ခရိုင်သို့ ( ၄၂၀၀ ) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း (၆၁၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့်(၂၉၅)တန်ခန့်၊ စီးထွက်ခဲ့ပါသည်။ ယခုဧပြီလ၏ ဒုတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့(၃၈၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့(၂၀၀၀)အိတ်ခန့်၊ စုစုပေါင်း(၅၈၀၀)အိတ်ခန့်၊တန်ချိန်အားဖြင့်( ၂၈၀ )တန်ခန့်၊ စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့၍စီးထွက်ခဲ့ပါသည်။

      သထုံခရိုင်အတွင်းသို့ ဧပြီလ၏ ပထမအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ   ရန်ကုန်တိုင်းဒေသကြီးမှ (၁၆၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ(၂၀၀၀)အိတ်ခန့်၊ စုစုပေါင်း(၃၆၀၀) အိတ် ခန့်၊ တန်ချိန်အားဖြင့်( ၁၇၃ )တန်ခန့်စီးဝင်ခဲ့ပြီး၊ ယခုဧပြီလ၏ ဒုတိယ အပတ်တွင် ရန်ကုန် တိုင်းဒေသကြီးမှ(၁၄၀၀)အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ(၁၈၀၀)အိတ်ခန့်၊ စုစုပေါင်း(၃၂၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့် (၁၅၄) တန်ခန့်စီးဝင်ခဲ့ပြီး  ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍စီးဝင်ခဲ့ပါသည်။

       သထုံခရိုင်အတွင်း၌ ဧပြီလ၏ ဒုတိယအပတ်တွင် စပါးဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင်ဒေသပေါက်ဈေး  ကျားပျံဟိုတယ် (၃၅၀၀၀၀၀ိ/-)ခန့်၊ ပေါ်ဆန်းဝါ (၃၃၀၀၀၀၀ိ/-)ခန့်၊ ကမာကြည်  (၂၈၀၀၀၀ဝိ/-)ခန့်၊ ဧည့်မထ ( ၁၉၀၀၀၀၀ိ/-)ခန့်နှင့် (၂၄)ပြည်ဝင်ဆန်တစ်အိတ်လျှင် ကျားပျံဟိုတယ်(၁၁၅၀၀ဝိ/-)ခန့်၊ ပေါ်ဆန်းဝါ (၁၀၈၀၀ဝိ/-)ခန့်၊ ကမာကြည်(၁၀၀၀၀ဝိ/-)ခန့်၊ ဧည့်မထ(၇၅၀၀ဝိ/-)ခန့်ရှိပြီး ယခုအပတ်တွင် စပါးဆန်ဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်ခဲ့ပြီး ဆန်ဈေးမှာ ယခင်အပတ်အတိုင်းတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပွင့်ဖြူမြို့နယ် မုန်လာဥနီစိုက်တောင်သူများ ဈေးကောင်းရပြီး အဆင်ပြေလျက်ရှိ

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစုစသည့် ကျေးရွာများသည် မြေအောက်ရေကိုအသုံးပြု၍ မုန်လာဥနီများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုနှစ်တွင် အပင်များအောင်မြင်ဖြစ်ထွန်းပြီး နုတ်ယူရောင်းချချိန်တွင် ဈေးကောင်းရ လျက်ရှိကြောင်း သိရှိရပါသည်။

    မုန်လာဥနီကို အပူအအေးမျှတသောဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အေးသော ဒေသများတွင် အပင်များ ပိုမိုအောင်မြင်ဖြစ်ထွန်းလွယ်ကြောင်း၊ မြေဩဇာကောင်းသော မြေပွများ တွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ အစိုဓာတ်များလွန်းသောမြေတွင် စိုက်ပျိုးပါကဥများပုပ်သွား တက်ကြောင်း၊ ရာသီဥတုနှင့်မြေအမျိုးအစားအပေါ်လိုက်၍ အထွက်နှုန်းမှာကွာခြားမှုရှိကြောင်း သိရှိရပါသည်။  ပွင့်ဖြူဒေသ၌ မုန်လာဥနီစိုက်ပျိုးရာတွင် မျိုးစေ့များကိုပျိုးထောင်စိုက်ပျိုးကြကြောင်း၊ အပင်ကိုဘောင်ဖော်၍ မျိုးစေ့ချစိုက်ပျိုးရပြီး မျိုးစေ့ချပြီးသည်နှင့် ရေနည်းနည်းသွင်းပေးရကြောင်း၊ ပုံမှန်အားဖြင့်ရေကို လေးရက်၊ ငါးရက်ခြားတခါ သွင်းပေးရန်လိုအပ်ကြောင်း၊ ဖေဖော်ဝါရီလဆန်းတွင် စတင်စိုက်ပျိုးပြီး အပင်သက်တမ်း(၂)လခွဲခန့်ရှိလျှင် နုတ်ယူရောင်းချကြကြောင်း၊ ဧပြီလဆန်းပိုင်း တွင် မုန်လာဥနီများကို စတင်ဖော်ယူနိုင်ပြီဖြစ်ကြောင်း၊ အချိုဓာတ်နှင့် အရသာပိုရှိစေရန် နှုတ်ယူခါနီး နှစ်ပတ်မှသုံးပတ်အတွင်း ရေလောင်းခြင်းမပြုရကြောင်း၊ မုန်လာဥနီဖော်ယူပြီးလျှင် အပင်မှအရွက် စိမ်းများအားဖြတ်၍ ရေဆေးသန့်စင်ရကြောင်း၊ ဥဖော်ပြီးမကြာမီအချိန်အတွင်း ရေဆေးမှသာ မုန်လာဥနီများ အရောင်တောက်ကြောင်း၊ မုန်လာဥနီတွင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါရှိ၍ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေသောကြောင့် စားသုံးသူဈေးကွက်၌ အရောင်းသွက်လျက်ရှိကြောင်း၊ စတင်တူးဖော်ချိန် ယခု၂၀၂၄ခုနှစ်၊ ဧပြီလ(ဒုတိယပတ်)တွင်  မုန်လာဥနီ တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ခန့်ဈေးရရှိကြောင်း၊ ပွင့်ဖြူမြို့နယ်ထွက် မုန်လာဥနီများကို  စလင်း၊  ဆင်ဖြူကျွန်း၊  မင်းဘူး၊  စကု၊  ချောက်၊  မကွေးမြို့များသို့    တင်ပို့ရောင်းချလျက်ရှိကြောင်း ရွာသာကုန်းကျေးရွာနေ မုန်လာဥနီစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၆/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂၃.၄.၂၀၂၄ )

   ၂၃.၄.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၂၃.၄.၂၀၂၄)

   ၂၃.၄.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း