Main menu

ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်သူများ ဆေးနှင့်ဆေးပစ္စည်းများကို သက်သာချောင်ချိမှုရှိစွာ ဝယ်ယူရရှိနိုင်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်စီမံအုပ် ချူပ်ရေးအဖွဲ့၏လမ်းညွှန်ချက်အရ ဆေးနှင့် ဆေးပစ္စည်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်း များဖြင့် ရောင်းဝယ်ဖောက်ကားမှုရှိစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား  စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန ပါဝင်သော မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍(၂၀.၃.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၅:၀၀) အချိန် တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း လက်ကားအရောင်းဆိုင်များသို့ သွားရောက်ကာ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင်  ကော့သောင်းမြို့ပေါ်ရှိဆေးဆိုင်များတွင် ရောင်း ချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများအနေဖြင့် ဒေသတွင်းသင့်တင့်မျှတမှုရှိသော စျေးနှုန်းများ ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)