Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

Powered by Drupal

    ဘုရင့်နောင်ကုန်စည်ဒိုင်တွင်  (၈-၄-၂၀၂၄) ရက်နေ့၌ ဖြစ်ပေါ်ခဲ့သော ထန်းလျက်သစ်တစ်ပိဿာဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး)သစ် ကျပ်၄၀၀၀၊ ညောင်ဦးဆေးရှယ်(ထန်း)သစ် အနိမ့်ဆုံး ကျပ်၃၆၀၀မှ အမြင့်ဈေး ကျပ်၄၅၀၀၊ ပခုက္ကူကြမ်း(သစ်) ကျပ်၄၂၀၀၊ ရေစကြိုထန်းလျက် ကျပ်၅၂၀၀မှ ကျပ်၅၅၀၀တို့ဖြစ်ကြောင်းသိရှိရပါသည်။ ကြံသကာ(သစ်)တစ်ပိဿာလျှင် ကျပ်၃၆၀၀မှ ကျပ်၄၀၀၀၊ မန်ကျည်းသီးပွင့်ကပ်တစ်ပိဿာလျှင် ကျပ်၃၄၀၀မှ ကျပ်၃၅၀၀၊ ရမည်းသင်း(ဒါးဇင်း)သစ်တစ်ပိဿာလျှင် ကျပ်၃၂၀၀မှ ကျပ်၃၃၀၀၊ မန်ကျည်းသီးအသား(သစ်)တစ်ပိဿာလျှင် ကျပ်၄၂၀၀မှ ကျပ်၄၆၀၀နှင့် ပြည်တွင်းသကြားတစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ်၄၄၅၀မှ အမြင့်ဆုံး ကျပ်၄၄၇၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)