Main menu

ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

Powered by Drupal

      ပြည်ဈေးကွက်တွင် ၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်တွင် မြေပဲဆန်ဈေးနှုန်းများကျဆင်းလာခဲ့ပါသည်။ ကံမနှင့် ရွှေတောင် (ကျွန်းတဲ) ဘက်မှ ဆောင်းမြေပဲဆန်များကို တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၁၀၀၀)ခန့် ပြည်ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်မှုရှိနေပြီး အရောင်းအဝယ်အေးနေသည်ကိုတွေ့ရပါသည်။ နယ်ဝယ်လက်များက ဝယ်ယူမှုမရှိဘဲ ဒေသတွင်းဆီစက်သမားများနှင့် မြေပဲလှော်သမားများက ဝယ်ယူမှုရှိကြပါသည်။

    ဈေးနှုန်းအနေဖြင့် ယခုမတ်လ နောက်ဆုံးပတ်တွင် မြေပဲဆီကြိတ်ဆန် (အဖြူ)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ဆီကြိတ်ဆန် (အနီ) တစ်ပိဿာလျှင် (၇၃၀၀)ကျပ်နှင့် မြေပဲလုံးဆန် (အဖြူ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် (၆၂၀၀) ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၆၇၀၀) ကျပ်နှင့် လုံးဆန်(အဖြူ) တစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ (အနီ) တစ်ပိဿာလျှင် (၇၈၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ်(၅၀၀)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်လ နောက်ဆုံးပတ်တွင် နယ်ဝယ်လက်အဝယ်အေးသွားသော်လည်း ဆီစက်လုပ်ငန်းရှင်များနှင့် မြို့တွင်းပဲလှော်သမားများအဝယ်ရှိသောကြောင့်  ဈေးနှုန်းများအနည်းငယ်မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)