Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၅.၅.၂၀၂၄ )

၅.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၄.၅.၂၀၂၄ )

၄.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၃.၅.၂၀၂၄ )

၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၃.၅.၂၀၂၄)

၃.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ် ကြက်/ဘဲဈေးဒိုင် ဈေးကွက်စုံစမ်းခြင်း

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူ ပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကား ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉.၄.၂၀၂၄) ရက်နေ့ တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသော ကြက်/ဘဲ ဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့် ပြည်နယ် များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

    ထိုသို့ ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက် ၁ ပိဿာ လျှင် (၁၃၀၀၀-၁၇၅၀၀)ကျပ်၊  အသားတိုးကြက် ၁ ပိဿာလျှင် (၇၅၀၀-၇၀၀၀) ကျပ်၊ မွေးမြူရေး ကြက် (ထီး/မ) ၁ ပိဿာလျှင် (၈၅၀၀-၁၆၅၀၀) ကျပ်၊ ဘဲ ၁ ပိဿာလျှင် (၆၀၀၀-၉၀၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ဘဲ ၁ ပိဿာလျှင် (၉၄၀၀-၉၅၀၀) ကျပ်တို့ဖြင့် ‌တစ်ရက်လျှင် ကုန်ချိန် (၆၄၁၇၀) ပိဿာခန့်ရောင်းချနေကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက အိမ်မွေးကြက်နှင့် အသားတိုးကြက်မှာ ဈေးအနည်းငယ်တက်လာကြောင်း၊ ကုန်အဝင်များမှာ ပုံမှန်အတိုင်း စီးဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း (၂.၅.၂၀၂၄)

   ၂.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း ( ၂.၅.၂၀၂၄ )

၂.၅.၂၀၂၄ ရက်နေ့တွင်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂.၅.၂၀၂၄ )

   ၂.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

“ပဲကျား(ဆောင်း)များ အောင်မြင်စွာရိတ်သိမ်းပြီးစီး”

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ၄င်းသီးနှံများအနက် ပဲကျားသီးနှံကို ကျောက်ဆည်မြို့နယ်တွင် (၈၂၉)ဧက၊ မြစ်သားမြို့နယ်တွင် (၃၃၁)ဧက၊ စုစုပေါင်း(၁၁၆၀)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဧပြီလ ပထမပတ်မှစတင်၍ ဧကအားလုံးရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရပါသည်။ ပဲကျားစိုက်ပျိုးမှုတွင် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၁၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျပြီးအထွက်နှုန်းအနေဖြင့် (၁၂)တင်းခန့်ထွက်ရှိကြောင်း၊ ပဲကျားစျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ်တင်းလျှင် (၃၈၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့ကြပြီး ယခုနှစ်တွင် ပဲကျားတစ်တင်းလျှင် (၄၄၀၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲကျားသီးနှံကို ပြုတ်၍စားသုံးကြသည့်အပြင် ပဲလှော်(ပဲကျား)အဖြစ် လှော်၍လည်းရောင်းချကြပါသည်။ ပဲကျားလှော်တစ်ပိဿာလျှင် ယခင်နှစ်တွင် (၃၅၀၀/-)ကျပ်၊ ယခုနှစ်တွင် (၄၀၀၀/-)စျေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြပါသည်။ တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီးပါက (၃၇၈၀၀၀/-)ကျပ်မြတ်ကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ကိုရရှိစေပြီး စိုက်ပျိုးစရိတ်သက်သာကာ အကျိုးအမြတ်ပိုမိုရရှိသော ပဲကျားသီးနှံကို တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြပါသည်။

DOCA(မန္တလေး)

 

ဖြူးမြို့တွင် မတ်ပဲဈေးတက်ပြီး ပဲတီစိမ်းဈေးကျ

  တောင်ငူခရိုင် ဖြူးမြို့တွင် ၂၀၂၄ခုနှစ် ဧပြီလ သင်္ကြန်ရက်ပိုင်းများတွင် ဈေးနှုန်းအနေဖြင့် ဒေသထွက် ပေါ်ဆန်းဆန်မှာ တစ်အိတ်လျှင် ၁၃၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)ဆန်မှာ မတ်လက တစ်အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၈၇၀၀၀ ကျပ်အထိရှိရာမှ ယခုဧပြီလနောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၅၀၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ် အထိရှိပါသည်။

   စပါးဈေးမှာ တင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဆန်ကွဲကြီးမှာ မတ်လက တစ်အိတ်လျှင် ရိုးရိုး ၅၂၀၀၀ မှ ယခုဧပြီလနောက်ဆုံးပတ်တွင် ၅၀၀၀၀ ကျပ်၊ ကာလာ ပေါလစ်တင်လျှင် မတ်လက တစ်အိတ်လျှင် ၆၂၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၅၆၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။ ဆန်ကွဲအသေးမှာ တစ်အိတ်လျှင် ၄၆၀၀၀ ကျပ်၊ ဖွဲနုမှာ တစ်အိတ်လျှင် ၁၇၅၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ(ပိဿာ၃၀)မှာ မတ်လက တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလ နောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၅၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ပဲတီစိမ်းမှာ မတ်လက တစ်အိတ်လျှင် ၁၁၅၀၀၀ ကျပ်ရှိရာမှ ယခုဧပြီလနောက်ဆုံးပတ်တွင် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ကျဆင်းပါသည်။ ပဲလွန်းဖြူမှာ ဧပြီလနောက်ဆုံးပတ်အတွင်း အရောင်းအဝယ်မဖြစ်ကြောင်း ဖြူးမြို့ ကမ္ဘာကြည်ပွဲရုံမှ သိရပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း