Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဧပြီလ စတုတ္ထပတ်တွင် ရွှေဘိုပဲစင်းငုံ(နီ)ဈေး ဆက်လက်မြင့်တက်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ‌

   ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ပဲစင်းငုံ(နီ)များစတင်ဝင်ရောက်ခဲ့ပြီး ဧပြီလ စတုတ္ထပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၃၁၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၉၀၀)တင်း/(၂၉)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၁၂၅၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၅၇၀ဝိ/-)ကျပ်ဈေးပိုမိုခဲ့ကြောင်း၊ ယခုနှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၇၄၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူထက် ပဲစင်းငုံ(နီ)တစ်တင်းလျှင် (၅၆၅၀ဝိ/-)ကျပ်ဈေးပိုမိုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄ခုနှစ်၊ ဧပြီလ ဒုတိယပတ်တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၇၉,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC)တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC) တစ်ဘူးလျှင် (၂၀,၀၀၀) ကျပ်၊ ဘက်တား (100CC)တစ်ထုပ်လျှင် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ(100CC) တစ်ထုပ်လျှင် (၁၁,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ မိုရယ်မုန် (500CC)တစ်ဘူးလျှင် (၂၆,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter)တစ်ဘူးလျှင် (၃,၅၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter)တစ်ဘူးလျှင် (၅၃၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g)တစ်ဘူးလျှင် (၃၈,၀၀၀)ကျပ်၊ ရွှေစိုက်ပါ(1Liter)တစ်ဘူးလျှင် (၃,၂၀၀၀)ကျပ်၊ အီမာ (1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး (10CC) တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ဒိုဇာ(10g)တစ်ဘူးလျှင် (၂,၄၀၀)ကျပ်၊ ထိသေ/ စားသေ (1Liter)တစ်ဘူးလျှင် (၁၃၀၀၀)ကျပ်၊ ပင်လုံးပြန့် (1Liter) တစ်ဘူးလျှင် (၂၅,၅၀၀) ကျပ်ဖြင့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

       ယခုဧပြီလ  တတိယပတ်တွင်    ဓာတ်မြေသြဇာအမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ ‌ရွှေကောမတ်(၂၀:၁၂:၁၂)တစ်အိတ်လျှင် (၁၃၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်)တစ်အိတ်လျှင် (၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% (မျှားကမ္ဘာ) တစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်လျှင် (၈၀,၀၀၀)ကျပ်၊ ပုလဲ(ရွှေတောင်)တစ်အိတ်လျှင် (၇၉,၀၀၀)ကျပ်၊ တီစူပါတစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ နိုက်ထိုဖောစကာ (သြဘာ)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ ပန်းဖူး(မြန်မာ့သြဘာ) တစ်အိတ်လျှင် (၇၈၀၀၀) ကျပ်၊ အာမို(၁၅: ၁၅:၁၅)တစ်အိတ်လျှင် (၁၃၅,၀၀၀)ကျပ်၊ သံဂွန်း (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၉၅,၀၀၀)ကျပ်၊ ကျွဲနက် (၁၅း၁၅း၁၅)တစ်အိတ်လျှင် (၁၅၈,၀၀၀)ကျပ်၊ MC (ကွန်ပေါင်း) တစ်အိတ်လျှင် (၁၄၅,၀၀၀)ကျပ်၊ ဇာမဏီ (ကွန်ပေါင်း) တစ်အိတ်လျှင် (၆၈,၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ပိုးသတ်ဆေးအမျိုးအစားများဖြစ်သည့် စတား(အာမို) (100CC) တစ်ဘူးလျှင် (၅,၅၀၀)ကျပ်၊ လန်ဒါ (ဝိစာရ) (500CC) တစ်ဘူးလျှင် (၂၀၀၀၀) ကျပ်၊ ဘက်တား (100CC) တစ်ထုပ်လျှင် (၂၂,၀၀၀)ကျပ်၊ ဆန်နာဂျီ (100CC) တစ်ထုပ်လျှင် (၁၁,၀၀၀) ကျပ်၊ ရွှေတောနစ် (မြင်းကြား) (500CC) တစ်ဘူးလျှင် (၁၃၅၀၀)ကျပ်၊ မိုရယ်မုန် (500CC) တစ်ဘူးလျှင် (၂၈,၅၀၀)ကျပ်၊ ဖို့စတင်း(သြဘာ) (1Liter) တစ်ဘူးလျှင် (၃,၅၀၀၀) ကျပ်၊ ဒါနာဒင်(ဩဘာ) (1Liter) တစ်ဘူးလျှင် (၅၃၀၀၀) ကျပ်၊ အစီဖိတ် (ဩဘာ)(500g) တစ်ဘူးလျှင် (၄၃၂၀၀)ကျပ်၊ ရွှေစိုက်ပါ (1Liter)တစ်ဘူးလျှင် (၃,၂၀၀၀)ကျပ်၊ အီမာ(1Liter) တစ်ဘူးလျှင် (၃၅,၀၀၀) ကျပ်၊ သန်းဒါး (10CC) တစ်ဘူးလျှင် (၂,၀၀၀)ကျပ်၊ ဒိုဇာ (10g) တစ်ဘူးလျှင် (၂,၄၀၀)ကျပ်၊ ထိသေ/ စားသေ (1Liter)တစ်ဘူးလျှင် (၁၃၀၀)ကျပ်၊ ပင်လုံးပြန့်(1Liter) တစ်ဘူးလျှင် (၂၅,၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်နှင့် ယခုအပတ်နှိုင်းယှဉ်ပါက ဈေးနှုန်းများအနည်းငယ်ပြောင်းလဲမှုရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့၏ ဧပြီလ စတုတ္ထပတ်တွင်ရောင်းချသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

      ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဧပြီလ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၅၄၀၀ဝိ/-)ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၅၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၆၉၀၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၁၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၂၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 1Liter  တစ်ဘူးလျှင် (၁၃၀၀ဝိ/-)ကျပ်၊ ဒီမွန် 1.8 တံဆိပ် ထိသေ/ စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၄၅၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၄၃၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 250cc တစ်ဘူးလျှင် (၁၄၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခုအပတ်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ ရောင်းအားကောင်းပြီး  အချို့သောဓာတ်မြေဩဇာအမှတ်တံဆိပ်များမှာ ဝယ်ယူ၍မရဘဲ ပစ္စည်းပြတ်နေကြောင်းနှင့်  ပိုးသတ်ဆေးဈေးနှုန်းများမှာလည်း အနည်းငယ်မြင့်တက်နေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ ဧပြီလ စတုတ္ထပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေ ဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၈၁၀၀) ကျပ်၊ ဆင်တံ ဆိပ် (50)kg တစ်အိတ်လျှင် (၁၉၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၉၃၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၈၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၅၁၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၀၂၀၀၀) ကျပ် တို့ဖြစ်ပါသည်။

    တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၂၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၇၃၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၇၃၀၀)ကျပ် တို့ဖြစ်ပါသည်။

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် မတ်လ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ပုလဲ (MEP) (50)kg နှင့် တီဆူပါ (လေဆာ) (50)kg တို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ရေစကြိုမြို့တွင် ဆောင်းကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မြစ်ရေဝင်ရောက်ရာ ကျေးရွာ များတွင် ဆောင်းသီးနှံကုလားပဲများကို အများအပြား စိုက်ပျိုးလျက်ရှိပါသည်။ ကုလားပဲသီးနှံ စိုက်ပျိုးရန် အတွက် တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ထွန်ယက်ခ၊ သွင်းအားစုနှင့် လုပ်အားခများ အပါအဝင် စုစုပေါင်း ကျပ်(၃၅၀၀၀၀)ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၁၂/ ၁၅)တင်းခန့် ပျှမ်းမျှထွက်ရှိကြောင်း၊ ကုလားပဲစတင်ထွက်ပေါ်ချိန်တွင် ဈေးနှုန်းအနေဖြင့် ဟော်လန် ကျပ်(၈၅၀၀၀)၊ (v2)ကျပ်(၈၈၀၀၀)နှင့် (929)ကျပ်(၈၆၀၀၀)ခန့်များဖြင့် အဖွင့်လှခဲ့ပါသည်။

            လက်ရှိအခြေအနေတွင် ကုလားပဲဟော်လန် တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ (v2) တစ်တင်း လျှင် ကျပ်(၈၀၀၀၀)နှင့် (929)တစ်တင်းလျှင် ကျပ်(၈၀၆၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၄၅၀၀၀၀)ခန့်ရရှိကြောင်း ကုလားပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

 DOCA(မကွေး)

 

လက်ပံတန်းမြို့ ဖွဲနု ဈေးကွက်အခြေအနေ

           ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင်ရှိသော ငါးမွေးကန်များ ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန် အစားအစာ အဖြစ် အသုံးပြုလျက်ရှိသကဲ့သို့ အခြားသောစားသောက်ကုန်များအတွက်လဲ အသုံးပြုလျက် ရှိကြောင်း၊ အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၂၆၅ကျပ်နှုန်းဖြင့် ဖွဲနု၆၀ပေါင် တစ်အိတ်လျှင် ၁၅၉၀၀ကျပ် ဈေးရှိခဲ့ရာမှ ယခုဧပြီလ‌နောက်ဆုံးပတ်တွင် ဖွဲနု တစ်ပေါင်လျှင် ၂၅၀ ကျပ် ဈေးသို့ကျဆင်းလျက်ရှိရာ ဖွဲနု (၆၀)ပေါင်တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဒေသတွင်းဆန်/စပါးကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ မတ်ပဲဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

          ပဲခူးတိုင်း‌‌ဒေသကြီး သာယာဝတီခရိုင်အတွင်းရှိမြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ  ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးသီတင်းပတ်တွင် ပိဿာ( ၂၀ ) တစ်တင်းလျှင် အနိမ့်ဆုံး( ၉၃၅၀၀) ကျပ်ခန့်နှင့် အမြင့်ဆုံး (၉၃၈၀၀) ကျပ် ထိရှိပြီး ဧပြီလနောက်ဆုံးပတ်  အတွင်းမှာတော့  ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၀၂၀၀၀)ကျပ်ခန့်မှ အမြင့်ဆုံး (၁၀၃၃၀၀)ကျပ်ခန့်နှင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။  စီးထွက်မှုအနေဖြင့် မတ်လအတွင်း ခရိုင်အတွင်းမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းသို့ အိတ်လုံးရေ (၁၄၈၁၀၀) ခန့်ထိတင်ပို့နိုင်ခဲ့ပြီး ယခုဧပြီလနောက်ဆုံးသီတင်းပတ်ထိ တင်ပို့နိုင်မှု အိတ်လုံးရေ (၁၄၄၈၅၀) ခန့်ထိ  တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

သဲကုန်းမြို့နယ်၏ ရာသီစာ မကျည်းရွက်နု ဈေးကွက်

             နွေရာသီ မကျည်းရွက်ကြမ်းများ ကြွေကျကာ မကျည်းရွက်နုသစ်များဝေချိန်သို့ ရောက်ရှိ လာပြီဖြစ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ဈေးကွက်အတွင်းသို့ မကျည်း ရွက်နုများ ဝင်ရောက်လာရာ ၂၀၂၄ခုနှစ် ဧပြီလစတုတ္တပတ်တွင် မကျည်းရွက်နု တစ်ပိဿာ ကို လက်ကား (၅၀၀၀)ကျပ်၊ လက်လီ (၁၀)သား (၅၅၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။ မကျည်းရွက်နုများ လှိုင်လှိုင်ထွက်ရှိပါက ဒေသတွင်းကုန်စိမ်းဒိုင်မှတဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်းလည်းသိရပါသည်။

          မကျည်းပင်သည် အသီး၊ အရွက်၊ အခေါက်စသည်ဖြင့် တစ်ပင်လုံးအသုံးဝင်ပြီး ယခုလို နွေရာသီတွင် မကျည်းရွက်နုများ အသုပ်သုပ်၍ဖြစ်စေ၊ ဟင်းရည်ချက်၍ဖြစ်စေ၊ ဟင်းချက်၍ဖြစ်စေ စားသုံးပေးပါက ခံတွင်းတွေ့ပြီး ထမင်းမြိန်စေသည့် အစားအစာဖြစ်ပြီး မကျည်းရွက်သည် လေ၊ သလိပ်၊ ပိုး၊ အဆိပ်ကို နိုင်ကြောင်း ဥတုဘောဇန ဆေးကြမ်းတွင်ဖေါ်ပြထားကြောင်း သိရပါသည်။

DOCA(ပဲခူး)

နတ်တလင်းမြို့နယ်အတွင်းဖြစ်ပေါ်နေသောကုလားပဲလုံး၊ ပဲခြမ်း၊ပဲမှုန့် ဈေးနှုန်းအခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ရောင်းချလျက် ရှိသော   ကုလားပဲနှင့်ပဲခြမ်း၊ ပဲမှုန့်ဈေးနှုန်းများမှာ ၂၀၂၄ခုနှစ် ဧပြီလတစ်လလုံးတွင် ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲတည်ငြိမ်လျက် ရှိနေပါသည်။ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် ကုလားပဲ အလုံး တစ်ပိဿာလျှင်(၅၂၀၀)ကျပ် ၊  ကုလားပဲခွဲခြမ်းစိမ်းတစ်ပိဿာလျှင် (၆၁၀၀)  ကျပ်၊ ပဲမှုန့်စိမ်း တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ ပဲမှုန့်အကျက်တစ်ပိဿာလျှင် (၆၉၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေ ပါသည်။ ယခုရောင်းချသောဈေးနှုန်းမှာ  လက်လီဈေးနှုန်းများသာဖြစ်ပြီး (၅) ပိဿာနှင့်အထက် ဝယ်ယူလျှင်  လက်ကားဈေးမှာ ကုလားပဲ (အလုံး)တစ်ပိဿာလျှင်   (၅၀၀၀)   ကျပ်  ၊  ကုလားပဲ (ခွဲခြမ်းစိမ်း) တစ်ပိဿာလျှင်   (၅၉၀၀)   ကျပ်နှုန်း ၊   ပဲမှုန့်(စိမ်း)  တစ်ပိဿာလျှင်  (၆၄၀၀)  ကျပ် ၊ ပဲမှုန့်(အကျက်) တစ်ပိဿာလျှင် (၆၇၀၀)ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း ကုလားပဲဝယ်ယူ ကြိတ်ခွဲရောင်းချနေသော ပဲခွဲစက်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ပဲခူး)

ပေါင်းတည်မြို့နယ်အတွင်းရှိ သား/ငါးဈေးနှုန်းခြေအနေ

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ရွှေတည်ဈေးနှင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော သား/ ငါးဈေးနှုန်းများမှာ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ်တွင် အမဲသား တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၅၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာ (၂၀၀၀၀) ကျပ်၊ CPကြက်တစ်ပိဿာ (၁၄၀၀၀)ကျပ်၊ ငါးမြစ်ချင်းအကောင်ကြီးတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ငါးမြစ်ချင်းအကောင်အလတ်တစ်ပိဿာ(၁၂၀၀၀-၁၀၀၀၀)ကျပ်၊ ဘဲဥတစ်လုံး (၃၅၀-၄၀၀)ကျပ်၊ ကြက်ဥ တစ်လုံး ( ၂၅၀-၂၇၀)ကျပ်ဈေးနှုန်းရှိကြောင်း သိရှိရသည်။

               ပေါင်းတည်မြို့၏ ၂၀၂၄ခုနှစ်၊ ဧပြီလစတုတ္တပတ် သား/ငါးဈေးနှုန်းများမှာ  ဧပြီလ တတိယပတ် သား/ငါးဈေးနှုန်းများနှင့် ဈေးနှုန်းကွာခြားခြင်းမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း