သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးသည် ၂၀၂၄ခုနှစ်၊ မေလ (၉)ရက်နေ့တွင် ဆီလုပ်ငန်းနှင့်ဆီကုန်သည်များအသင်းနှင့်တွေ့ဆုံ၍ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးထုတ်ယူရောင်းချလျက်ရှိသော စားအုန်းဆီများနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းမပြုရန်နှင့် မသမာသည့် လုပ်ဆောင်မှုများမဖြစ်စေ
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၉.၅.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်ရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်ငွေနှင်းဖြူ (ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဆန်ဈေးနှုန်း များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ ရှိ/မရှိကို ၈.၅.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်၊ မြို့မရပ်ကွက်နှင့် စည်ပင်သာယာဈေးရှိ ဆန်အရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ဆန်ကုန်သည်အသင်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ မြိတ်ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ (၈)ရက်နေ့၊ နေ့လယ် (၁၆း၀၀) နာရီအချိန်တွင် မြိတ်မြို့၊ ကျောက်ဖျာကျေးရွာရှိ OK ရတနာအဆင့်မြင့်ဆန်စက်သို့သွားရောက်၍ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများအခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၇-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် လပွတ္တာမြို့၊ အမှတ် (၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။