သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ သည် (၃.၅.၂၀၂၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ အချိန်တွင် မအူပင်မြို့ စားသုံးဆီလက်ကာအရောင်းဆိုင်(၇)ဆိုင်အား ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး တာဝန်ရှိသူ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၆.၅.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀) အချိန်က မြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင်(၈) ဆိုင်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၃-၅-၂၀၂၄)ရက်နေ့၊နံနက် (၀၉:၃၀)နာရီအချိန်တွင် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ညောင်တုန်းမြို့နယ် စားအုန်းဆီအရောင်းဆိုင်(၈)ဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများသည် စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၅.၂၀၂၄)ရက်နေ့ ၊နံနက်(၁၀:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ကံဦးရွာ၊ ကံဦးအုပ်စုရှိ “ရွှေသီဟ”ပဲချောင်းလုပ်ငန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ဟင်္သာတမြို့နယ်၊နတ်မော်ကျေးရွာအုပ်စု၊ဘုရားကြီးတန်ဆောင်း၌ ပြည်သူ(၁၀၀)ဦးအား (၁.၅.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။