သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ရုံးအမှတ် - ၅၂တွင် စစ်ဆေးရးအရာရှိသင်တန်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး ( ၁၅ ) ခုရှိ (ဒုတိယဦးစီးမှူး) အောက်မနိမ့်သူ ဝန်ထမ်းစုစုပေါင်း (၁၈၅) ဦးအား စစ်ဆေးရေးကျွမ်းကျင်မှုဆိုင်ရာ အရာရှိသင်တန်း (၁/၂၀၂၄)ကို (၂၁-၂-၂၀၂၄) ရက်နေ့မှ (၂၃-၂-၂၀၂၄) ရက်နေ့အထိ သင်တန်းတို(၃)ရက်ကြာ Online (Zoom platform) မှတစ်ဆင့် သင်ကြားပေးခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်မှ (၂၁-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ဖြင့် သွားရောက်စစ်ဆေးရန် အဖွဲ့ဝင်အဖြစ် လိုက်ပါဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်၊ ပန်းလှိုင်လမ်း၊ အမှတ်(၁၆၉) ရှိ Cherry Mart Bkk Snack 2 တွင်ရောင်းချနေသော Oishi Black Lemon Tea အချိုရည်တစ်မျိုးတွင် တင်သွင်းခွင့် (IR) မပါရှိသဖြင့် တွေ့ရှိခဲ့သောအချိုရည်(၁၂) ဘူး
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်က
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် Virtual စနစ်ဖြင့် (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးများ အပါအဝင် စုစုပေါင်း (၁၆) ဦး တက်ရောက်ခဲ့ပါသည်၊၊