သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မြို့မဈေးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်း၊ စားသုံးဆီ၊ စားအုန်းဆီရောင်းချမှုများကို သိရှိလိုက်နာစေရန်အတွက် မြို့မဈေးအတွင်း စီးပွားရေးလုပ်ငန်းရှင် ဆီရောင်းချသူများနှင့်ဆွေးနွေးခဲ့ပါသည်။ အပတ်စဉ်ကွင်းဆင်းဆောင်ရွက်မှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာနများနှင့်လည်း ပူးပေါင်းကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်သည် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သာပေါင်းမြို့ အမှတ် (၂) ရပ်ကွက်ရှိ မြတ်မွန်တံမြက်စည်း ပြုလုပ်ရောင်းချလျက်ရှိသော လုပ်ငန်းရှင်နှင့် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်၊၊
ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။