သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၉.၁.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းအုပ်စု၊သဘာဝ မီးစက်ကြီးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသုံးသူပြည်သူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၈.၁.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့နယ် မြို့မရပ်ကွက်ရှိ ပြန်ဆက်ခန်းမ၌ ကုန်စုံဆိုင်လုပ်ငန်းရှင် များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြန်အောင်မြို့နယ် ကြာနီကန်လမ်းမကြီးရှိ ကုန်မျိုးစုံဆိုင်များအား (၁၆.၁.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ် ၊ရွာသစ်ရပ်၊ မြို့မဈေးကြီးအတွင်းရှိ မုန့်မျိုးစုံဆိုင်များအား (၁၆.၁.၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ အငယ်တန်းစာရေး ဦးခိုင်လွမ်းမိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ဓနုဖြူလူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။