သတင်းနှင့် လှုပ်ရှားမှုများ
ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ စီမံ/ငွေစာရင်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမြင့်နှင့်ဝန်ထမ်းများသည် ရုံးချုပ်၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့၊ နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် Virtural Zoom Meeting စနစ်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်ဦးဆောင်ကျင်းပပြုလုပ်သော ဆွေးနွေးပွဲသို့တက်ရောက်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)သည် စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၀၉:၃၀ အချိန်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခရိုင်ပြန်ကြားရေး နှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ (Talk Show) ကျင်းပခဲ့ပါသည်။
ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၈/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်သည် ၂၂.၉.၂၀၂၃ ရက်နေ့၊ နေ့လယ် (၁၃:ဝဝ) နာရီအချိန်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများကို အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ မိတ်ဆက်တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ မေလအတွင်းဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများ၌ ထိရောက်သည့် ပံ့ပိုးမှုပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့် ကုမ္ပဏီ (၈)ခု၏ ဆန်အိတ် (၃၆၀၀၀) ကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေ