သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် သက်ဆိုင်ရာအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်ဆီနှင့်အချဉ်ရည်အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါ/ မပါ၊ သက်တမ်းလွန်ကုန်စည်များမရှိစေရေးအတွက် ဈေးကွက်က
၂၄-၁၀-၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် သက်ဆိုင်ရာအဖွဲ့များဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေ သော အသားဟင်း၊ ငါးဟင်း စည်သွပ်ဘူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ရပ်ကွက်ဈေး၊ ဈေးတန်းနှင့် မြို့ပေါ် ကုန်စုံဆိုင်များတွင် အဖွားလက်ရာ အမှတ်တံဆိပ်ပါ အသားဟင်း ဆီသွပ်ဘူးများရောင်းချမှုရှိ/ မရှိကို ဌာနဆိုင်ရာအဖွဲ့စုံဖြင့် (၂၃-၁၀-၂၀၂၄) ရက်နေ့၌ ကုန်စည်တွင် ကုန်အညွှန်းဖော်ပြချက်နှင့် ကုန်စည်ပေါ်တွင် စတစ်ကာကပ်၍ ဖော်ပြမှုတို့ ကိုက်ညီမှုရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေး လုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး Communit Center ခန်းမ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ တိုင်ကြားခြင်းအကြောင်း Talk Show ကို ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၃ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။