သတင်းနှင့် လှုပ်ရှားမှုများ
ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ် ၄ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသော ဟင်းရွက်ဆီဘူးများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ငပုတော ကုန်စုံဆိုင်.jpg?itok=K_kxov-n)
ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကဦးဆောင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ ဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကိုကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပုသိမ်ခရိုင်ကုန်အညွှန်း.jpg?itok=vAbPB6WX)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ပုသိမ်ခရိုင်ဈေးကွက်စောင့်ကြည့်.jpg?itok=QMsGlsLi)
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ (အ-ထ-က) မြို့မကျောင်းတွင် ဆရာ/ဆရာမ (၈)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၃၄)ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ရေကြည်မြို့အထက.jpg?itok=KFwhEt9x)
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ခရိုင်စားသုံးသူရေးရာရုံး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ( ၈ )ရက်နေ့၊ နေ့လယ်( ၁၃:၀၀ )နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်( ၂၀ )ဦးကို စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများပေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဖျာပုံစီးပွားရေး.jpg?itok=YKGrvXk6)