သတင်းနှင့် လှုပ်ရှားမှုများ
မြိတ်ခရိုင်ဆီကိုယ်စားလှယ်မှ မြိတ်မြို့အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန် မြို့ဆီကန်မှ ထုတ်ယူလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ (၉၁)သည် မော်တော်ယာဉ်အမှတ် 6L- 9513 ဖြင့်(၁၁.၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါစားအုန်းဆီများကို ၂ ရာခိုင်နှုန်းအမြတ်ဖြင့် ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၇) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ စားအုန်းဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦီးစီးဌာန၊ မိတ္ထီလာခရိုင်ဦီးစီးမှူးရုံး၌ (၇.၁.၂၀၂၅)ရက်နေ့တွင် မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိတ္ထီလာခရိုင် မီးသတ်ဦီးစီးဌာနနှင့်ပူးပေါင်း၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့်လက်တွေ့မီးငြိမ်းသတ်သရုပ်သခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီး မှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအားရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိ သည့်အပြင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများနှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများကို ဆော

စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ သာစည်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အလှ ကုန်ပစ္စည
