သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
10 Aug 2022

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၆.၈.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ် (၁) ဈေး၊ မောင်ငံဈေးနှင့် မြိုင်သာယာဈေးတို့တွင် ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချ ခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

10 Aug 2022

       မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်ရှိ အ.ထ.က (ခွဲ) ရေတွင်းကုန်ကျောင်း တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မီးသတ်ဦးစီး ဌာနတို့ ပူပေါင်း၍ ကျောင်းသာ၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာဟောပြောပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

10 Aug 2022

         ၅.၈.၂၀၂၂ ရက်နေ့ နေ့လယ်  (၁၃:၀၀) ချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်း၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ၊ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် ညီနောင်အသင်းများမှ အသင်းဝင်များ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်

10 Aug 2022

        ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေမြို့နယ်တာဝန်ခံ ဦးသိန်းအောင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် စစ်တွေမြို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ဦးဆောင်၍ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် (၂-၈-၂၀၂၂)ရက် နေ့လည်(၉:၃၀)နာရီအချိန်တွင် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း ဈေးဆိုင်များရှိ ရောင်းချနေသော စားသောက်ကုန် ပစ္စည်းများအား စားသုံးသူပြည်သူများမှ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကု

10 Aug 2022

     တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာန တို့ပူးပေါင်း၍ မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူဆိုင်ရာ အကြောင်းသိကောင်းစရာများ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ၂၀၂၂ခုနှစ် သြဂုတ်လ(၅) ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Pages