သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဇူလိုင်လ(၂၆)ရက် နံနက်(၁၁:၀၀)အချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ စက်သုံးဆီဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ စက်သုံးဆီ လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင် မှုဖြင့်(၂၃-၇-၂၀၂၂)ရက်နေ့၊နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မတ္တရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မတ္တရာမြို့နယ်အတွင်းရှိ စက်သုံးဆီ ရောင်းချလျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါသည် ။ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြေ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ပြင်ဦးလွင်ခရိုင် ရုံးခွဲမှ ဦးသက်လွင်ထူး (စစ်ဆေးရေးအရာရှိ)နှင့်အဖွဲ့သည် စားသုံးသူများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့်အတူ(၂၅-၇-၂၀၂၂)ရက်နေ့တွင်ပြင်ဦးလွင်မြို့၊ မြို့မစျေးနှင့်သုမင်္ဂလာ စျေးတို့တွင် ရောင်းချနေသောစျေးဆိုင်များသို့ ကွင်းဆင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၂၃.၇.၂၀၂၂) ရက်နေ့ နေ့လယ်(၀၁:၀၀) အချိန်တွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ ကျင်းပပြုလုပ်ရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှလည်း ပူးပေါင်းပါဝင် ဟောပြောဆွေးနွေးခဲ့ပါသည်။